ရုရှားသမ္မတပူတင် သိမ်းပိုက်ခံ ယူကရိန်းမြို့ မာရီယာပိုသို့ သွားရောက်

0
118

ရုရှားသမ္မတ ပူတင်သည် သိမ်းပိုက်ရယူထားသော ယူကရိန်းဆိပ်ကမ်းမြို့ မာရီယာပို သို့ အရေးအခင်းစတင်ချိန်မှစ၍ ပထမဆုံးအကြိမ်အဖြစ် မတ်လ ၁၈ ရက် စနေနေ့ညတွင် သွားရောက်ခဲ့ကြောင်း သိရသည်။ နိုင်ငံတကာ ရာဇဝတ်ခုံရုံး (ICC) က သူ့ကို စစ်ရာဇဝတ်မှု စွဲချက်များဖြင့် ဖမ်းဝရမ်းထုတ်ခဲ့သည်ကို ဖီဆန်ကြောင်းပြသသည့် ခရီးစဉ်ဖြစ်ဟန်တူသည်။

ရုရှားအစိုးရပိုင် တပ်စ် သတင်းဌာန၏ ဖော်ပြချက်အရ ပူတင်သည် မာရီယာပိုမြို့သို့ စနေနေ့တွင် ရဟတ်ယာဉ်ဖြင့် ရောက်ရှိလာပြီး မြို့အနှံ့ ကားဖြင့် လှည့်ပတ် ကြည့်ရှုစစ်ဆေးခဲ့သည်ဟု သိရသည်။ နေရာအတော်များများသို့ သွားရောက်ပြီး ဒေသခံများနှင့် စကားပြောဆိုခဲ့ကာ မြို့တော် ပြန်လည်ထူထောင်ရေး အစီအစဉ်များနှင့် ပတ်သက်၍လည်း ဆွေးနွေးခဲ့ကြောင်း ဖော်ပြထားသည်။

မာရီယာပို မြို့ကို ရုရှားတပ်ဖွဲ့များက ပြီးခဲ့သည့်နှစ် မေလတွင် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ပြီး အရေးအခင်းအတွင်း ရုရှား၏ ပထမဆုံးသော အောင်နိုင်မှုကြီးတစ်ခု ဖြစ်လာခဲ့သည်။

မာရီယာပိုမြို့သို့ ညဘက်တွင် လာရောက်ခဲ့သော ပူတင်အား ယူကရိန်းကာကွယ်ရေး ဝန်ကြီးဌာနက သူခိုးတစ်ယောက်၏ သွင်ပြင်လက္ခဏာနှင့် ကိုက်ညီပါပေသည် ဟူ၍ တွစ်တာပေါ်တွင် ရေးသားတုံ့ပြန်ခဲ့သည်။

Source: The Guardian


LEAVE A REPLY

Please enter your comment!
Please enter your name here