ထိုင်ဝမ်သမ္မတဟောင်း တရုတ်သို့သွားရောက်မည်

0
148

တိုင်ပေ၊မတ် ၁၉

ထိုင်ဝမ်သမ္မတဟောင်းမာရင်ဂျုံသည် ယခုလနှောင်းပိုင်းတွင်တရုတ်နိုင်ငံသို့သွားရောက်မည်ဖြစ်ကြောင်း ၎င်း၏ရုံးက မတ်လ ၁၉ ရက်နေ့ကထုတ်ပြန်ကြေငြာခဲ့သည်။ယခုသွားရောက်မှုသည် ၁၉၄၉ ခုနှစ်နောက်ပိုင်း၌ ထိုင်ဝမ်ခေါင်းဆောင်ဟောင်းများနှင့်လက်ရှိခေါင်းဆောင်များထဲမှ လာရောက်လည်ပတ်မှု၏ ပထမဆုံးအကြိမ်လည်းဖြစ်သည်။

မတ် ၂၇ ရက်မှ ဧပြီ ၇ ရက်နေ့ကြားပြုလုပ်မည့်အဆိုပါခရီးစဉ်သည် ပေကျင်းနှင့်တိုင်ပေကြား တင်းမာမှုမြင့်တက်နေချိန်၌ ပေါ်ပေါက်လာခြင်းလည်းဖြစ်သည်။

ထိုင်ဝမ်ရှိအတိုက်ခံပါတီ ကူမင်တန်၏ အကြီးတန်းခေါင်းဆောင်တစ်ဦးလည်းဖြစ်သည့် မာရင်ဂျုံသည် အစဉ်အလာအရ တရုတ်အားမျက်နှာသာပေးဆက်ခံခဲ့သော်လည်း ၎င်းသည် ပေကျင်းလိုလားသူမဟုတ်ကြောင်းကိုမူပြောကြားခဲ့သည်။

မစ္စတာမာရင်ဂျုံသည် လက်ရှိထိုင်ဝမ်သမ္မတဆိုင်အင်ဝမ်ရွေးကောက်မခံရမီ ၂၀၁၅ ခုနှစ်နှောင်းပိုင်း၌လည်း တရုတ်သမ္မတရှီကျင့်ဖျင်နှင့်စင်္ကာပူ၌ အထင်ကရတွေ့ဆုံမှုတစ်ခုပြုလုပ်ခဲ့ဖူးသေးသည်။

ပြီးခဲ့သည့်လကလည်း အတိုက်အခံပါတီဒုတိယဥက္ကဌသည် ပေကျင်းသို့သွားရောက်ကာ ကွန်မြူနစ်ပါတီအကြီးတန်းခေါင်းဆောင်နှင့်တွေ့ဆုံမှုပြုလုပ်ခဲ့သဖြင့် ထိုင်ဝမ်၏လက်ရှိအာဏာရပါတီက ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့သည်။

မာရင်ဂျုံ၏ယခုခရီးစဉ်အတွင်း ၎င်းသည် နန်ဂျင်း၊ဝူဟန်၊ ချန်ရှား၊ချန်ရှင်းနှင့်ရှန်ဟိုင်းအစရှိသည့်မြို့များသို့ သွားရောက်မည်ဖြစ်ကာ ကျောင်းသားများနှင့်တွေ့ဆုံပြီး ဒုတိယကမ္ဘာစစ်နှင့်ဆက်စပ်သည့်နေရာများသို့လည်း သွားရောက်မည်ဖြစ်ကြောင်း ၎င်း၏ရုံးကထုတ်ပြန်ထားသည်။သို့သော်၎င်းအနေဖြင့် တရုတ်သမ္မတအပါအဝင် အခြားထိပ်တန်းအရာရှိများနှင့်တွေ့ဆုံမှုရှိမရှိကိုမူ အတိအလင်းကြေငြာထားခြင်းမျိုးမရှိပေ။

ပေကျင်းဘက်ကမူ လက်ရှိထိုင်ဝမ်သမ္မတဆိုင်အား ခွဲထွက်ရေးလိုလားသူအဖြစ်စွပ်စွဲကာ ဆိုင်နှင့်တွေ့ဆုံညှိနှိုင်းဆွေးနွေးရန် ငြင်းဆိုထားသည်။တရုတ်ဘက်မှထိုင်ဝမ်အား ၎င်း၏ပိုင်နက်နယ်မြေအဖြစ်ယူဆကာ တရုတ်အုပ်ချုပ်မှုအောက်၌နေစေလိုသော်လည်း ထိုင်ဝမ်သမ္မတဆိုင်ကမူ ထိုင်ဝမ်ပြည်သူများသည်သာ နိုင်ငံ၏အနာဂတ်ကိုဆုံးဖြတ်ပိုင်ခွင့်ရှိသည်ဟုပြောကြားခဲ့သည်။

Source :WION


LEAVE A REPLY

Please enter your comment!
Please enter your name here