ထိုင်းပါလီမန်ကို ဖျက်သိမ်း၊ အထွေထွေရွေးကောက်ပွဲများ ကျင်းပတော့မည်

0
176

ဘန်ကောက်၊ မတ် ၂၀

ထိုင်းဘုရင် မဟာဝိဇယလောင်ကွန်းသည် မတ်လ ၂၀ ရက် တနင်္လာနေ့တွင် ပါလီမန်ကို ဖျက်သိမ်းရန် ဒီကရီအမိန့် ကိုထုတ်ပြန်ခဲ့ကြောင်း သိရသည်။ ထိုသို့ ဖျက်သိမ်းလိုက်သဖြင့် ထိုင်းနိုင်ငံတွင် ရွေးကောက်ပွဲများကို ကျင်းပတော့မည် ဖြစ်သည်။

အဆိုပါ အတည်ပြု ဒီကရီအမိန့်ကို မတ်လ ၁၇ ရက်နေတွင် ထုတ်ပြန်ခဲ့ပြီး တနင်္လာနေ့၌ စတင် အာဏာသက်ရောက်ခြင်းဖြစ်သည်။

ထိုင်းနိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ပါလီမန်ဖျက်သိမ်းပြီးနောက် ၄၅ ရက်မှ ရက်ပေါင်း ၆၀ အတွင်း ရွေးကောက်ပွဲများကို ကျင်းပရမည်ဖြစ်သည်။ ဆိုလိုသည်မှာ ရွေးကောက်ပွဲများကို မေလ ၄ ရက် မှ ၁၉ ရက်အတွင်း ကျင်းပရမည်ဖြစ်သည်။

ရွေးကောက်ပွဲ ကျင်းပမည့် ရက်အတိအကျကိုမူ ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ကြေညာသွားမည်ဖြစ်ပြီး တော်ဝင်ပြန်တမ်းတွင်လည်း ကြေညာသွားမည်ဟု သိရသည်။

ထိုင်းနိုင်ငံ၌ နောက်ဆုံးကျင်းပခဲ့သော ရွေးကောက်ပွဲမှာ ၂၀၁၉ ခုနှစ်၊ မတ်လ ၂၄ ရက်နေ့ကဖြစ်သည်။

Source: CNA


LEAVE A REPLY

Please enter your comment!
Please enter your name here