မြန်မာအမျိုးသမီးအသင်းပါ၀င်သည့် ၂၀၂၄ ပါရီ အိုလံပစ် အမျိုးသမီး ဘောလုံးပြိုင်ပွဲ အာရှဇုန် ခြေစစ်ပွဲ ပထမအဆင့် ပွဲစဥ်များကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပမည်

0
333

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း ပါ၀င်သည့် ၂၀၂၄ ပါရီ အိုလံပစ် အမျိုးသမီး ဘောလုံးပြိုင်ပွဲ အာရှဇုန် ခြေစစ်ပွဲ ပထမအဆင့် အုပ်စု (ခ) ပွဲစဥ်များကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ယနေ့ (မတ်လ ၂၀ ရက်) အသိပေးလာသည်။

အဆိုပါပြိုင်ပွဲကို လာမည့် ဧပြီလ ၅ ရက်မှ ၁၁ ရက်အထိ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပပြုလုပ်မည်ဖြစ်ပြီး ခြေစစ်ပွဲ ပထမအဆင့် ပွဲစဉ်များကို ရန်ကုန်မြို့ သုဝဏ္ဏဘောလုံးကွင်းတွင် လက်ခံကျင်းပသွားမည်ဟု သိရသည်။

မြန်မာအမျိုးသမီး လက်ရွေးစင်အသင်းသည် မောလ်ဒိုက်စ်၊ ဘင်္ဂလားဒေ့ရှ်၊ အီရန် အမျိုးသမီး လက်ရွေးစင် အသင်းတို့နှင့် တစ်အုပ်စုတည်း ယှဉ်ပြိုင် ကစားရမည်ဖြစ်သည်။

၂၀၂၄ အိုလံပစ် အမျိုးသမီး ဘောလုံးပြိုင်ပွဲ အာရှဇုန် ပထမအဆင့် ခြေစစ်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် ပဏာမ ကစားသမား ၂၄ဦး ဖြင့် မတ် ၂၄ ရက်အထိ တရုတ်နိုင်ငံ၊ ကူမင်းမြို့တွင် လေ့ကျင့်ခြေစမ်းမှုများ ပြုလုပ်မည်ဖြစ်သည်။

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် ပထမခြေစမ်းပွဲအဖြစ် မတ်လ ၁၈ ရက်က က‌မ္ဘောဒီးယားအသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့ရာ ၄ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ပြီး ဒုတိယမြောက်ခြေစမ်းပွဲတွင် မတ်လ ၁၉ ရက်က တရုတ်ကလပ် Sichuan FC နှင့် ခြေစမ်းရာ တစ်ဖက် တစ်ဂိုးစီဖြင့် သရေရလဒ်ထွက်ပေါ်ခဲ့ကာ တတိယမြောက် ခြေစမ်းပွဲအဖြစ် မတ်လ ၂၂ ရက်တွင် Changchun FC အသင်းနှင့် ဆက်လက် ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here