ရန်ကုန်တွင် စက်ဘီးစီးပြိုင်ပွဲကျင်းပမည်

0
173

ရန်ကုန်တိုင်းဒေသကြီးတွင် အမျိုးသား အမျိုးသမီး Road Bike နှင့် Mountain Bike စက်ဘီးစီးပြိုင်ပွဲကျင်းပမည်သည်။

အဆိုပါပြိုင်ပွဲကို မတ်လ ၂၁ ရက်တွင် ကျင်းပမည်ဖြစ်ပြီး အသက် ၁၈ နှစ်အထက် မည်သူမဆို ၀င်ကြေးအခမဲ့ဖြင့် ၀င်ရောက်ယှဉ်ပြိုင်နိုင်​ကြောင်း မြန်မာနိုင်ငံ စက်ဘီးအဖွဲ့ချုပ်ထံမှသိရသည်။

“စက်ဘီးစီးသူများလာမယ်ဆိုရင် ပြိုင်ပွဲ၀င်ဦးရေ တိုးလာပါမယ်၊ ပြီးတော့ ကျန်းမာရေးအတွက်ရယ် လောင်စာဆီခြိုးခြံချွေတာဖို့ ရည်ရွယ်ချက်နဲ့ ကျင်းပတာပါ”ဟု မြန်မာနိုင်ငံ စက်ဘီးအဖွဲ့ချုပ်မှ တာ၀န်ရှိသူတစ်ဦးက ပေါ်ပြူလာနယူး(စ်) သို့ပြောသည်။

အမျိုးသား Road Bike နှင့် Mountain Bike ပြိုင်ပွဲအတွက် မင်္ဂလာဒုံမြို့နယ်၊ ဒေဝူးအထည်ချုပ် စက်ရုံရှေ့နှင့် အမျိုးသမီးပြိုင်ပွဲအတွက် ရန်ကုန်လေဆိပ်လမ်းဆုံမှ နံနက် ၆ နာရီအချိန်တွင် တာလွှတ်မည်ဖြစ်ပြီး ပြည်သူ့ရင်ပြင်ရှေ့တွင် ပန်း၀င်မည်ဖြစ်သည်။

အမျိုးသားပြိုင်ပွဲများအတွက် ပထမဆု ၇ သိန်း၊ ဒုတိယဆု ၅ သိန်း၊ တတိယဆု ၃ သိန်း၊ စတုတ္ထဆု ၂ သိန်း၊ ပဉ္စမ‌ဆု ၁ သိန်း ကျပ်နှင့် နံပါတ် (၆ မှ ၂၅ အထိ) ၅သောင်းကျပ်စီချီးမြှင့်မည်ဖြစ်ပြီး အမျိုးသမီး Road Bike နှင့် Mountain Bike ပြိုင်ပွဲများအတွက် ပထမဆု ၃ သိန်း၊ ဒုတိယဆု ၂ သိန်း၊ တတိယဆု ၁ သိန်း၊ စတုတ္ထဆု ၇ သောင်း ငါးထောင် ၊ ပဉ္စမ‌ဆု ၇ သောင်း ငါးထောင်ကျပ် နှင့် နံပါတ် (၆ မှ ၂၀ အထိ) ၅သောင်းကျပ်စီချီးမြှင့်မည်ဟုဆိုသည်။

အဆိုပါပြိုင်ပွဲသို့ ၀င်ရောက်ယှဉ်ပြိုင်ရန် ပြိုင်ပွဲ၀င် ၃၀၀ ခန့် ရှိမည်ဟု ခန့်မှန်းထားပြီး စိတ်၀င်စားသော်လည်း ၀င်ရောက်ယှဉ်ပြိုင်ရန် စက်ဘီးအခက်အခဲရှိနေပါကလည်း အန္တရယ်ကင်းစေမည့် Helmet ဆောင်းပြီးရိုးရိုးစက်ဘီးဖြင့်၀င်ရောက်ယှဉ်ပြိုင်ခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here