အက်တမ်(ATOM) နှင့် CB Bank ပူးပေါင်း၍ ATOM CB Credit Card ကိုစတင်မိတ်ဆက်

0
284

မြန်မာနိုင်ငံတွင်း ဒီဂျစ်တယ်ဘဏ်ဝန်ဆောင်မှုစနစ်အသုံးပြုမှုပိုမိုမြင့်မားလာစေရန် အက်တမ် (ATOM) နှင့် CB Bank တို့ပူးပေါင်း၍ ATOM CB Credit Card ကိုယနေ့တွင် စတင်မိတ်ဆက်ခဲ့သည်။

“အကောင်းမွန်ဆုံးကွန်ရက်၊ အကောင်းမွန်ဆုံးဒီဂျစ်တယ်ဝန်ဆောင်မှုများနှင့် ကဏ္ဍအားလုံးတွင် အကောင်းမွန်ဆုံးအရာများဖြင့် မြန်မာနိုင်ငံသားများနှင့် မြန်မာ့စီးပွားရေးကို မြှင့်တင်ပေးရန်ဆိုတဲ့ အက်တမ်ရဲ့ ကတိကဝတ်နှင့်အညီ အက်တမ်ဟာ သုံးစွဲသူတွေအတွက် ပိုမိုကောင်းမွန်တဲ့ အတွေ့အကြုံသစ်တွေကို မြန်မာပြည်သူတွေအတွက် ယူဆောင်ပေးလျက်ရှိပြီး အခုတစ်ခါမှာလည်း အက်တမ်ရဲ့ ပလက်တီနမ်ကြယ်ပွင့်အဆင့်ရ အသုံးပြုသူတွေအတွက် ပိုမိုကောင်းမွန်တဲ့ အကျိုးခံစားခွင့်တွေကို ပေးအပ်ချင်တဲ့ ရည်ရွယ်ချက်နဲ့ ATOM CB Credit Card(အကြွေးဝယ်ကတ်) ကိုမိတ်ဆက်ရခြင်းဖြစ်ပါတယ်။အက်တမ်အနေနဲ့လည်း အနာဂါတ်မှာ ပိုမိုဆွဲဆောင်မှုရှိတဲ့ ထုတ်ကုန်တွေနဲ့ ဝန်ဆောင်မှုတွေကို ထပ်မံမိတ်ဆက်ပေးသွားမှာဖြစ်ပါတယ်” ဟု အက်တမ် (ATOM) မြန်မာ၏အမှုဆောင်အရာရှိချုပ် Mr.Muhammad Ziaullah Siddiqui က ပြောကြားခဲ့သည်။

ATOM CB Credit Card များကို အက်တမ် (ATOM) ဆင်းကဒ်သုံးစွဲသူများဖြစ်ပြီး အက်တမ်ပလက်တီနမ်ကြယ်ပွင့်အဆင့် သုံးစွဲသူများ လျှောက်ထားနိုင်ကြောင်း သိရသည်။ATOM CB Credit Card(အကြွေးဝယ်ကတ်)အား မတ်လ ၂၀ ရက်(ယနေ့)မှစတင်၍ လျှောက်ထားနိုင်ပြီး ထပ်ဆောင်းအထူးအကျိုးခံစားခွင့်များအဖြစ် ပထမနှစ်အတွက် နှစ်စဉ်ကြေးအခမဲ့အပြင် လျှော့ဈေးများနှင့် အခြားခံစားခွင့်များအား ရရှိနိုင်မည်ဖြစ်ကာ သတ်မှတ်ချက်နှင့် ကိုက်ညီသောသုံးစွဲသူများအနေဖြင့် ငွေသုံးစွဲနိုင်မှုပမာဏ ကျပ်သိန်း (၅၀) အထိ သုံးစွဲခွင့်ရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here