မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ကုန်သွယ်ရေးမှ အမေရိကန်ဒေါ်လာ ၃၀ ဘီလီယံကျော်ရရှိထား

0
119

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၏  ၁၀ လကျော်ကာလအတွင်း မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ကုန်သွယ်ရေးမှ ၃၀ ဒသမ ၃၂ သန်းကျော်ရရှိထားကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဖော်ပြထားသည့်စာရင်းများအရ သိရသည်။

ဘင်္ဂလားဒေ့ရှ်နယ်စပ်မှ အမေရိကန်ဒေါ်လာ ၃၀ ဒသမ ၁၄ သန်းပို့ကုန်ဝင်ငွေ ရရှိထားပြီး သွင်းကုန်တင်သွင်းမှုမှ အမေရိကန်ဒေါ်လာ ၀ ဒသမ ၁၇ သန်းဝင်ငွေရရှိထားကြောင်းသိရသည်။

အဆိုပါကုန်သွယ်မှုဝင်ငွေသည် ဧပြီလ ၁ ရက်မှ မတ်လ ၁၀ ရက်အထိ ရရှိထားသည့် ဝင်ငွေဖြစ်ပြီး မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ကုန်သွယ်ရေးစခန်းများဖြစ်သည့် စစ်တွေဂိတ်မှ အမေရိကန်ဒေါ်လာ  ၁၀၄ ဒသမ ၇၅ သန်းဖြင့်အများဆုံးကုန်သွယ်မှုပြုလုပ်ထားပြီး မောင်တောဂိတ်မှ အမေရိကန်ဒေါ်လာ ၁၆ ဒသမ ၁၈ သန်းရရှိထားခြင်းဖြစ်သည်။

အဆိုပါကုန်သွယ်ရေးစခန်းနှစ်ခုမှ ရေထွက်ကုန်တင်ပို့မှုမှာ မွေးမြူရေးငါးမြစ်ချင်း၊ ငါးမုန့်အမဲ၊ ငါးသလောက်၊ ငါးနီတူခြောက်နှင့် ငါးမှုန့်ခြောက်များ ပါဝင်ပြီး ကုန်ခြောက်များတွင် မန်ကျည်းသီး၊ ချင်း၊ ကြက်သွန်၊ ထန်းလျက်အစရှိသည့် ကုန်ခြောက်များပါဝင်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here