မြန်မာ-သြစတြီးယား နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့်မည်

0
216

နိုင်ငံခြားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေနှင့်ဗီယင်နာမြို့အခြေစိုက် ဩစတြီးယားနိုင်ငံဆိုင်ရာ မြန်မာဂုဏ်ထူးဆောင်ကောင်စစ်ဝန်ချုပ် Mr. Mag Philip Schonthal တို့တွေ့ဆုံဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

ပြည်ထောင်စုဝန်ကြီးသည် ဗီယင်နာမြို့ အခြေစိုက် ဩစတြီးယားနိုင်ငံဆိုင်ရာ မြန်မာဂုဏ်ထူးဆောင်ကောင်စစ်ဝန်ချုပ်အား မတ် ၂၀ ရက်နံနက် ၁၁ နာရီက ​နေပြည်​တော်တွင်လက်ခံတွေ့ဆုံခဲ့သည်။

တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ဖြစ်ပေါ်တိုးတက်မှုအ ခြေအနေများကို ပြည်ထောင်စုဝန်ကြီးကပြောကြားခဲ့ပြီးနောက် မြန်မာ-ဩစတြီးယား နှစ်နိုင်ငံကြား ချစ်ကြည်ရင်းနှီးသည့်ဆက်ဆံရေးနှင့်ပူး ပေါင်းဆောင်ရွက်မှုများတိုးမြှင့်ရေးအခွင့်အလမ်းများ၊ဩစတြီးယား-မြန်မာအသင်း ၏ လှုပ်ရှားမှုများကို ဆွေးနွေးခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here