ယူကရိန်းစစ်ဖြစ်ပြီးနောက်ပိုင်း ရုရှားနိုင်ငံသို့ ပထမဆုံးသွားသည့် ရှီကျင့်ဖျင်

0
86

ဖေဖော်ဝါရီတွင် ဘေဂျင်းက ကြေညာခဲ့သည့် ငြိမ်းချမ်းရေးအစီအစဉ်အရ မော်စကိုနှင့် ကိယက်ဗ်တို့ကြား ပြန်လည်ညှိနှိုင်းဆွေးနွေး ဖျန်​ဖြေပေးဖို့အတွက် တရုတ်သမ္မတ ရှီကျင့်ဖျင်သည်သမ္မတ ဗလာဒီမာပူတင်နှင့် တွေ့ဆုံရန် ရုရှားနိုင်ငံသို့ တနင်္လာနေ့က ရောက်ရှိခဲ့သည်။

ရှီ၏ယခုခရီးစဥ်သည် ၂၀၂၂ခုနှစ် ဖေဖော်ဝါရီလကစ၍ မော်စကိုက ယူကရိန်းသို့ ကျူးကျော်ပြီးနောက်ပိုင်း ရှီကျင့်ဖျင်၏ရုရှားနိုင်ငံသို့ပထမဆုံး ခရီးစဉ်ဖြစ်သလို ရှီ၏ တတိယအကြိမ်သမ္မတတာဝန် စတင်ထမ်းဆောင်ပြီးနောက်ပိုင်း ပထမဆုံးပြည်ပခရီးစဉ်လည်း ဖြစ်သည်။

တရုတ်နိုင်ငံသည် ဖေဖော်ဝါရီ ၂၄ ရက်က ယူကရိန်းနှင့်ပတ်သက်၍ အပစ်အခတ်ရပ်စဲရေး အမြန်လုပ်ဆောင်ရန် အဆိုပြုချက်ကို ထုတ်ပြန်ခဲ့သည်။

ခေါင်းဆောင်နှစ်ဦးသည် နေ့လယ်ပိုင်းတွင် အလွတ်သဘောတွေ့ဆုံမှုတစ်ခု ပြုလုပ်ခဲ့ကြသည်။

ပူတင်က ရှီအား တတိယအကြိမ်မြောက် သမ္မတအဖြစ်တာဝန်ထမ်း​ဆောင်ခွင့်ရသည့်အ​ပေါ် ဂုဏ်ပြုစကား​ပြောခဲ့သလို ရှီကလည်း ပူတင်အား လာမည့် ၂၀၂၄ ခုနှစ် သမ္မတရွေးကောက်ပွဲတွင်ရုရှားပြည်သူများက ပူတင်ကို ထောက်ခံမည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။

အင်္ဂါနေ့တွင် ရှီသည် ရုရှားဝန်ကြီးချုပ် မီခေးလ် မစ်ရှုစတင်နှင့် တွေ့ဆုံပြီးနောက် ပူတင်နှင့် တရားဝင် ထိပ်သီးတွေ့ဆုံမှု ပြုလုပ်ခဲ့သည်။

နှစ်ဖက်စလုံးသည် ၎င်းတို့၏ မဟာဗျူဟာမိတ်ဖက်ဆက်ဆံရေးကို နက်ရှိုင်းစေမည့် ပူးတွဲကြေညာချက်အပြင် ၂၀၃၀ ခုနှစ်အထိ စီးပွားရေးမိတ်ဖက်အစီအစဉ်တစ်ရပ်ကိုလည်း ထုတ်ပြန်ရန် စီစဉ်ထား​ကြောင်းသိရသည်။

Ref:NikkeiAsia


LEAVE A REPLY

Please enter your comment!
Please enter your name here