ယူကရိန်းသာ စစ်ရှုံးသွားပါက ပိုလန်လည်း မဖြစ်မနေ စစ်ထဲဝင်ရမည်ဟု ပိုလန်သံအမတ်ကြီး သတိပေး

0
157

လက်ရှိဖြစ်ပွားနေသော အရေးအခင်းအတွင်း ယူကရိန်းသာ အရေးနိမ့်သွားပါက ပိုလန်အတွက်လည်း စစ်ထဲဝင်ရန်မှအပ အခြားနည်းလမ်းရှိလာမည် မဟုတ်ကြောင်း ပြင်သစ်နိုင်ငံဆိုင်ရာ ပိုလန်သံအမတ်ကြီးက သတိပေးလိုက်သည်။

သံအမတ်ကြီး ဂျန် အမ်မရစ်ခ် ရော့စကောင်းစကီး က ယူကရိန်းသာ ရုရှားထံ စစ်ရှုံးသွားပါက ၎င်းနိုင်ငံ၏ လူ့အဖွဲ့အစည်းနှင့် ယဉ်ကျေးမှုအတွက် အန္တရာယ်ရှိလာနိုင်သောကြောင့် ပိုလန်လည်း စစ်ပွဲထဲ ဝင်ရလိမ့်မည်ဟု ပြောကြားလိုက်သည်။

မစ္စတာ ရော့စကောင်းစကီးသည် အဆိုပါမှတ်ချက်များကို တနင်္ဂနွေနေ့က ပြင်သစ် ရုပ်သံလိုင်း LCI နှင့် တွေ့ဆုံမေးမြန်းခန်း ပြုလုပ်ရာတွင် ထုတ်ဖော်ပြောဆိုခဲ့ခြင်း ဖြစ်သည်။

သို့ရာတွင် ပြင်သစ်ရှိ ပိုလန်သံရုံးက သံအမတ်ကြီး၏ ပြောဆိုချက်များအား အရေးအခင်းအတွင်း ပိုလန် တိုက်ရိုက်ပါဝင်မည်ဟု ခေါင်းစဉ်တပ်လာသည့် မီဒီယာများအပေါ် တမင်တကာ သတင်းကြီးအောင် ဖန်တီးသူများဟူ၍ ပြစ်တင်ဝေဖန်ခဲ့သည်။

တွေ့ဆုံမေးမြန်ခန်းအတွင်း သံအမတ်ကြီးသည် အရေးအခင်း၌ ပိုလန်တိုက်ရိုက်ပါဝင်မည်ဟု မကြေညာခဲ့ကြောင်း၊ ရုရှားက ဥရောပနှင့် ဥရောပ၏ တန်ဖိုးထားသည့် အရာများကို ခြိမ်းခြောက်နေပုံနှင့် ယူကရိန်းသာ ရှုံးနိမ့်သွားပါက ဖြစ်လာနိုင်သော အကျိုးဆက်များကိုသာ ထောက်ပြခဲ့ခြင်းဖြစ်ကြောင်း ပိုလန်သံရုံးက ထုတ်ပြန်ချက်တွင် ပြောကြားထားသည်။

Source: Daily Mail


LEAVE A REPLY

Please enter your comment!
Please enter your name here