Online Media များမှ ရွှေဈေးနှုန်းထုတ်ပြန်နေကြခြင်းသည် တရားမဝင်

0
124

ကမ္ဘာ့ရွှေစျေးနှုန်းမြင့်တက်မှုအားအကြောင်းပြု၍ မြန်မာ့ရွှေစျေးနှုန်းမြင့်တက်လာစေရန်ဆောင်ရွက်နေမှုများနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်းနှင့်မန္တလေးတိုင်းရွှေလုပ်ငန်းရှင်များအသင်းတို့က မတ် ၂၁ ရက်တွင် အသီးသီးထုတ်ပြန်ခဲ့ကြသည်။

လတ်တလောဖြစ်ပေါ်နေသည့် အခြေအနေများအားအကြောင်းပြု၍ ကမ္ဘာ့ရွှေဈေးမြင့်တက်လျက်ရှိကာ ကမ္ဘာ့ရွှေဈေးနှုန်းမြင့်တက်လာမှုကို အကြောင်းပြု၍ မြန်မာနိုင်ငံတွင် ရွှေဈေးကစားလိုသူများက ရွှေဈေးနှုန်းမြင့်တက်လာစေရန် Online Media များမှတဆင့် ကောလဟာလ ထုတ်လွှင့်ခြင်း၊လေပတ်ကားရောင်းဝယ်ခြင်းများကိုပြုလုပ်လျက်ရှိသည်ဟု ထုတ်ပြန်ချက်များ၌ရေးသားထားသည်။

ထို့ပြင် ရွှေဈေးကစားလိုသူများက ကမ္ဘာ့ရွှေဈေး နှုန်းနှင့်မြန်မာ့ရွှေဈေးနှုန်းအား ချိပ်ဆက်ထားသကဲ့သို့ တွက်ချက်ဖေါ်ပြနေခြင်းများလည်းရှိသည်ကိုတွေ့ရှိရသည်ဟု ထုတ်ပြန်ခဲ့သည်။

ရွှေနှင့်ငွေကြေးဈေးကွက်စောင့်ကြည့်ထိန်းသိမ်းကြပ်မတ်ရေးလုပ်ငန်းကော်မတီ အစည်းအဝေးတွင် ကမ္ဘာ့ရွှေဈေးကွက်နှင့်မြန်မာ့ရွှေဈေးကွက် ချိပ်ဆက်မှုမရှိဟုရှင်းလင်းခဲ့ပြီး လက်တွေ့တွင်လည်း ချိပ်ဆက်ထားခြင်းမရှိဟု ထုတ်ပြန်ချက်များ၌ ရေးသားထားသည်။

ထို့ကြောင့် ရွှေဈေးမြင့်တင်လိုသူများ၏ ဝါဒဖြန့်မှုကို ယုံကြည်လိုက်ပါ၍ ရောင်းဝယ်ခြင်းမပြုလုပ်ရန်နှင့် Online Media များမှ ရွှေဈေးနှုန်းထုတ်ပြန်ဖော်ပြနေခြင်းများ၊လေပတ်ကားရောင်းဝယ်ခြင်းများသည် တရားဝင်မှုမရှိ၊ဥပဒေနှင့်ညီညွတ်မှုမရှိဟုလည်း ထုတ်ပြန်ရေးသားထားကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here