သီရိလင်္ကာအတွက်ရန်ပုံငွေဒေါ်လာ ၃ ဘီလျံအား နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့အတည်ပြု

0
120

ကိုလံဘို၊မတ် ၂၁

သီရိလင်္ကာအတွက် ဒေါ်လာ ၃ ဘီလျံထောက်ပံ့ငွေကို အမှုဆောင်ဘုတ်အဖွဲ့ကအတည်ပြုလိုက်ပြီဖြစ်ကြောင်း နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) က တနင်္လာနေ့ ၌ ထုတ်ပြန်ကြေငြာခဲ့သည်။

ယခုဆုံးဖြတ်ချက်အရ ဒေါ်လာ ၃၃၃ သန်းအား ချက်ချင်းထုတ်ပေးမည်ဖြစ်ကြောင်း IMF ကပြောကြားခဲ့ပြီး ၎င်းတို့၏ဆုံးဖြတ်ချက်က သီရိလင်္ကာအတွက် အခြားကူညီမည့်သူများထံမှ ငွေကြေးအထောက်အပံ့ရရှိအောင်လည်း လှုံ့ဆော်နိုင်လိမ့်မည်ဟုပြောကြားခဲ့သည်။

ယင်းနောက် IMF မန်နေဂျင်းဒါရိုက်တာက သီရိလင်္ကာအနေဖြင့် ပြုပြင်ပြောင်းလဲမှုအမျိုးမျိုးကို လုပ်ဆောင်ရန်လည်းလိုအပ်သည်ဟု ပြောကြားခဲ့ကာ  IMF ၏ပံ့ပိုးပေးသည့်အစီအစဉ်ရရှိသည်နှင့် ပြောင်းလဲမှုများကို လျင်လျင်မြန်မြန်ဖြင့် အချိန်နှင့်တစ်ပြေးညီဆောင်ရွက်နိုင်မှသာ ယခုအခက်အခဲအားကျော်လွှားနိုင်မည်ဟုလည်းဆိုခဲ့သည်။

သီရိလင်္ကာသမ္မတကမူ နိုင်ငံ၏စီးပွားရေးသည် တိုးတက်နိုင်သည့်လက္ခဏာများရှိကြောင်း အစောပိုင်းကပြောကြားခဲ့သော်လည်း သွင်းကုန်အားလုံးအတွက် နိုင်ငံခြားငွေမလုံလောက်သေးသဖြင့် အခြားသောမြီရှင်များက ရန်ပုံငွေများစတင်ထုတ်ပေးနိုင်ရန် IMF ၏သဘောတူညီချက်သည် အရေးကြီးသည်ဟုဆိုခဲ့သည်။

သီရိလင်္ကာအနေဖြင့်ခြောက်လအတွင်း IMF ကပြန်လည်စစ်ဆေးမှုမပြုလုပ်မီ နိုင်ငံ၏ကြွေးမြီပြန်လည်ပြင်ဆင်ခြင်းမဟာဗျူဟာကို ဧပြီလ၌ကြေငြာသွားမည်ဖြစ်ပြီး ကျန်စီးပွားရေးမြီရှင်များနှင့်ပါဆွေးနွေးမှုများပြုလုပ်ရန်ရည်ရွယ်ထားသည်ဟုလည်း ဗဟိုဘဏ်က ပြောကြားခဲ့သည်။

Source : Nikkei Asia


LEAVE A REPLY

Please enter your comment!
Please enter your name here