ဆေးခန်းလာပြသူအမျိုးသမီးထံမှ ရွှေဆွဲကြိုးလုယက်သူကို ပြည်သူများကဝိုင်းဝန်းဖမ်းဆီးပေးခဲ့

0
212

မွန်ပြည်နယ်၊မော်လမြိုင်မြို့ရှိ ဆေးရုံတစ်ရုံတွင် ဆေးခန်းလာပြသည့် အမျိုးသမီးတစ်ဦးဝတ်ဆင်ထားသည့် ရွှေဆွဲကြိုးအားလုယူသွားခဲ့မှု မတ် ၂၁ ရက် (ယနေ့)နံနက်က ဖြစ်ပွားခဲ့သည်။

ယနေ့နံနက် ၁၁ နာရီခန့်က မော်လမြိုင်မြို့တွင် အမျိုးသားတစ်ဦးမှ ကားစောင့်နေသည့် အသက် (၄၀)နှစ်ခန့်စီရှိ အမျိုးသမီး ၂ ဦးအနက် အမျိုးသမီး ၁ ဦးဝတ်ဆင်ထားသည့် ရွှေဆွဲကြိုးအားလုယက်ယူဆောင်ကာ ထွက်ပြေးသွားခဲ့သည်။

ထို့ကြောင့် အခင်းဖြစ်နေရာအနီးနေသူများက ရွှေဆွဲကြိုးလုယက်သွားသူအား ဝိုင်းဝန်းဖမ်းဆီးပေးခဲ့ကြသဖြင့် ချက်ခြင်းဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

“အမျိုးသမီး ၂ ယောက်က ကျိုက်က္ခမီမြို့ကနေ မော်လမြိုင်က ချမ်းမြေ့ဂုဏ်ဆေးရုံမှာလာပြပြီး ပြန်ဖို့ကားစောင့်နေတဲ့အချိန်မှာဖြစ်သွားတာ။ဆွဲကြိုးလုခံရတော့ပတ်ဝန်းကျင်ကိုအော်ပြီးအကူအညီတောင်းတာနဲ့ပတ်ဝန်းကျင်ကလူတွေက လုံးထွေးဖမ်းဆီးပေးခဲ့တာ။ ဆွဲကြိုးက ၃ ကျပ်သားလောက်ရှိတယ် နေ့ခင်းဖက်ကြီးကိုအဲ့လိုလုတာကိုတော့ အံ့သြတယ်ဗျာ”ဟု ဒေသခံလူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

ဖြစ်စဥ်တွင် ဖမ်းဆီးရမိခဲ့သည့် ရွှေဆွဲကြိုးလုယက်သူအား သက်ဆိုင်ရာ ရခိုင်ကုန်းအုပ်ချုပ်ရေးမှူးရုံးမှတဆင့် ရဲစခန်းသို့လွှဲပြောင်းအပ်နှံပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here