လမ်းလျှောက်လာသူ၏ ကျောပိုးအိတ်အတွင်းမှ စိတ်ကြွဆေးပြား ၅၀၀၀၀ ပြားဖမ်းမိ

0
216

ရန်ကုန်တိုင်း၊ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ၁၆ ရပ်ကွက်တွင် မတ် ၁၉ ရက်နေ့လည်က လမ်းလျှောက်လာသူ၏ ကျောပိုးအိတ်အတွင်းမှ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့မှသိရသည်။

ယင်းနေ့နေ့လည် ၁ နာရီခွဲခန့်က မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များပါ၀င်သော ပူးပေါင်းအဖွဲ့သည် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့ နယ်၊ ၁၆ ရပ်ကွက်ရှိ အမှတ်(၂)လမ်းမကြီးပေါ်တွင် လမ်းလျှောက်လာသည့် တိုးတက်နိုင်(၂၉) နှစ်အား သတင်းအရစစ်ဆေးခဲ့ကြသည်။

၎င်းလွယ်ထားသည့် ကျောပိုးအိတ်အတွင်းမှ ငွေကျပ်သိန်း ၅၀၀ တန်ဖိုးရှိ စိတ်ကြွဆေးပြား ၅၀၀၀၀ ပြားအား ဖမ်းဆီးရမိခဲ့သည်ဟု ရဲတပ်ဖွဲ့မှသိရသည်။

ထို့ကြောင့် စိတ်ကြွဆေးပြားများနှင့်အတူ ဖမ်းဆီးရမိသူအား ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့မရဲစခန်းက မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရအမှုဖွင့်ကာ စစ်ဆေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here