ချမ်းအေးသာစံမြိုနယ်ရှိ တိုင်းပို့ဆောင်ရေးစီမံကိန်းဦးစီးဌာနရုံးတွင် လက်လုပ်ဗုံးပေါက်ကွဲ ဝန် ထမ်း ၆ ဦးဒဏ်ရာရ

0
115

မန္တလေးတိုင်း၊ချမ်းအေးသာစံမြို့နယ်၊အောင်နန်းရိပ်သာအရှေ့ရပ်ကွက်ရှိ တိုင်းပို့ဆောင်ရေးစီမံကိန်းဦးစီးဌာနရုံးတွင် မတ် ၂၀ ရက်နံနက်က လက် လုပ်ဗုံးပေါက်ကွဲခဲ့ကြောင်း သိရသည်။

ယမန်နေ့နံနက် ၁၁ နာရီကျော်ခန့်က အမည်မသိအမျိုးသားတစ်ဦးသည် ချမ်းအေးသာစံမြိုနယ်၊အောင်နန်းရိပ်သာအရှေ့ရပ်ကွက်၊ ၈၃ လမ်း၊ ၃၄ လမ်းနှင့် ၃၅ လမ်းကြားရှိ တိုင်းပို့ဆောင်ရေးစီမံကိန်းဦးစီးဌာနရုံးအတွင်းသို့ ဝင်ရောက်လာပြီးနောက် လက်လုပ်ဗုံးဖြင့်ပစ်ပေါက်၍ ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

လက်လုပ်ဗုံးသည် ရုံးအဆောက်အဦးအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့သဖြင့် ရုံးဝန်ထမ်း အမျိုး သား ၃ ဦးနှင့်အမျိုးသမီး ၃ ဦး(စုစုပေါင်း ၆ ဦး)တို့တွင် ဗုံးစထိမှန်ဒဏ်ရာများ(မစိုးရိမ်ရ)ရရှိခဲ့ကြကြောင်း သိရသည်။

“ဖြစ်စဥ်ကိုအသေးစိတ်စစ်ဆေးတဲ့အခါ လူတစ်ယောက်ကရုံးထဲဝင်လာပြီး လက်လုပ်ဗုံးနဲ့ပစ်ဖို့လုပ်တဲ့အချိန် ဝန်ထမ်း ၂ ယောက်က အဲဒီလူကိုဖမ်းဖို့လုပ်တယ် ဖမ်းဖို့လုပ်နေရင်းနဲ့ပဲ လက်လုပ်ဗုံးနဲ့ပစ်ပြီးထွက်ပြေးသွားတာ ပြစ်မှုကျူးလွန်သွားတဲ့လူရဲ့ပုံပန်းသဏ္ဍန်ကိုသိထားတဲ့အတွက် လုံခြုံရေးအဖွဲ့တွေကသူ့ကိုဖမ်းမိဖို့ ပိတ်ဆို့စစ် ဆေးတာတွေလုပ်နေပါတယ်”ဟု လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူတစ်ဦးကပြောသည်။

ဖြစ်စဥ်တွင် ဗုံးစထိမှန်ဒဏ်ရာများရရှိခဲ့သည့် ရုံးဝန်ထမ်း ၆ ဦးအား လူမှုကူညီရေးအသင်းကားများဖြင့် မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here