အာဆီယံဒေသတွင်းနိုင်ငံထုတ် အလှကုန်ပစ္စည်းအချို့သုံးစွဲရန်မသင့်ဟုအသိပေးထုတ်ပြန်

0
88

အာဆီယံဒေသတွင်းနိုင်ငံများမှထုတ်လုပ်သည့် အလှကုန်ပစ္စည်းအချို့ကို သုံးစွဲရန်မသင့်ကြောင်း မြန်မာFDA ကအများပြည်သူများသိရှိစေရန် အသိပေးထုတ်ပြန်ထားသည်။ 

မြန်မာနိုင်ငံအစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ( FDA) မှ ၂၀၂၃ခုနှစ်၊ ဖေဖော်ဝါရီ (၈) ရက်တွင်စစ်ဆေးခဲ့ပြီး ဘေးအန္တရာယ်ရှိသည့်အတွက် အများပြည်သူသိရှိရန် ထုတ်ပြန်လိုက်ခြင်းဖြစ်ကြောင်း စားသုံးသူရေးရာဦးစီးဌာနက ဖော်ပြထားသည်။

ယင်းအလှကုန်ပစ္စည်းအများစုသည် မလေးရှား၊ အင်ဒိုနီးရှား၊ ထိုင်း၊ ဘရူနိုင်း၊ စင်ကာပူ စသည့်နိုင်ငံများတွင် တွေ့ရသော အလှကုန်များဖြစ်ပြီး မာကျူရီအပါအဝင် ဘေးမကင်းသည့်အရာများပါဝင်သောကြောင့် သုံးစွဲရန်မသင့်ကြောင်း FDA Myanmar မှထုတ်ပြန်အသိပေးလိုက်ခြင်းဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here