ရခိုင်အင်အားကြီး ပါတီ ANP အပါအဝင် ပါတီ (၃) ခု မှတ်ပုံတင် ပြန်လည်လျှောက်ထား

0
68

ရခိုင်အင်အားကြီး ပါတီတစ်ခု ဖြစ်သည့် ANP ပါတီ အပါအဝင် ပါတီ (၃) ခု မှတ်ပုံတင်ရန် ထပ်မံလျှောက် ထားလာကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံမှ သိရသည်။

အဆိုပါ ပါတီ (၃) ခုသည် မတ်လ (၂၀)ရက် ယမန်နေ့က ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံ မှတ်ပုံ တင်ခွင့် လျှောက်ထားခဲ့ခြင်းဖြစ်ပြီး ရခိုင်အမျိုးသားပါတီ ၊အမျိုး သားနိုင်ငံရေး ဒီမိုကရက်တစ်ပါတီ ၊ ကချင်အမျိုးသားကွန်ဂရက်ပါတီတို့ ဖြစ်ကြောင်း သိရသည်။

ယင်းပါတီ (၃) ခုအနက် ရခိုင်အမျိုးသားပါတီသည် ရခိုင် ပြည်နယ်အတွင်းသာ စည်းရုံးလှုပ်ရှားမည့် အစီအစဉ်ရှိသည့်အတွက် ပြည်နယ်အဆင့်ပါတီ တစ်ခုအဖြစ်သာ မှတ်ပုံတင်မည်ဖြစ်ကြောင်း ပါတီ တာဝန်ရှိသူများက ပြီးခဲ့သည့် ရက်ပိုင်းကပင် ထုတ်ဖော်ပြောဆိုထားပြီး ဖြစ်သ ည်။

ANP ပါတီအနေဖြင့် လာမည့်ရွေးကောက်ပွဲတွင် ယခင်ပါတီဥက္ကဋ္ဌဟောင်းဖြစ်သူ ဒေါက်တာအေးမောင် ဦးဆောင်သည့် ရခိုင့်ဦးဆောင်ပါတီနှင့် ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ယခု မှတ်ပုံတင် ပြန်လည်လျှောက်ထားမှုနှင့်ပတ်သက်၍ ပါတီတွင်း သဘောထားကွဲလွဲမှုများလည်း ရှိနေကြောင်း သိရသည်။

SAC ၏ ပါတီမှတ်ပုံတင် ဥပဒေသစ်အရ နိုင်ငံရေးပါတီအဖြစ် ဆက်လက်ရပ်တည်လိုသည့် ပါတီများအနေဖြင့် ရက်ပေါင်း (၆၀) အတွင်း မှတ်ပုံတင် ပြန်လည်လျှောက်ထားရန် ပြဌာန်းထားရာ ယင်း ဥပဒေ ပုဒ်မ ၂၅ အရ နိုင်ငံ ရေးပါတီအဖြစ် ဆက်လက်တည်ထောင်လိုကြောင်း အထက်ဖော်ပြပါ ပါတီ (၃) ခုက မတ်လ (၂၀) ရက်တွင် လာရောက်လျှောက်ထားခြင်း ဖြစ်ကြောင်း UEC က သတင်းထုတ်ပြန်ထားသည်။

ဖေဖော်ဝါရီ (၁) ရက်မှ မတ်လ (၂၀) ရက်အထိ ပါတီမှတ် ပုံတင် ပြန်လည်လျှောက်ထားသည့် ပါတီ (၃၂) ပါတီ ရှိပြီး ယင်းအထဲမှ (၈) ပါတီကသာ ပြည်ထောင်စုတစ်ဝန်း စည်းရုံးလှုပ်ရှားမည့် ပြည်ထောင်စုအဆင့် ပါတီအဖြစ် ပြန်လည် လျှောက်ထားခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here