သင်္ကြန်ပွဲတော်ကာလအတွင်းခွင့်ပြုချက်မဲ့ရေဆက်သွယ်မှု ပြုလုပ်ပါက အရေးယူမည်၊အကြို​နေ့ထိ ​ရေရယူခွင့်လျောက်၍ရ

0
123

ရန်ကုန်သင်္ကြန်ပွဲတော်ကာလအတွင်း ယာယီရေဆက်သွယ်ခွင့်လျှောက်ထားရမည်ဖြစ်ပြီး ခွင့်ပြုချက်မဲ့ရေဆက်သွယ်မှု ပြုလုပ်ပါက အရေးယူမည်ဖြစ်ကြောင်း ရန်ကုန်မြိုတော်စည်ပင်သာယာရေးကော်မတီ က ထုတ်ပြန်ကြေညာထားသည်။

သင်္ကြန်ပွဲတော်အတွင်း စည်ပင်သာယာ ရေပိုက်လိုင်း၊အင်းလျားကန်နှင့်ကန်တော်ကြီးတို့မှရေကို ခွင့်ပြုချက်ဖြင့် ဆက်သွယ်ကစားရမည်ဖြစ်ပြီး ရေဆက်သွယ်လိုသူများအနေဖြင့် ဧပြီလ ၁၃ ရက် (အကြိုနေ့) နောက်ဆုံးထား၍ ရန်ကုန်မြိုတော်စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု)သို့ ယာယီရေဆက်သွယ်ခွင့်လျှောက်ထားရမည်ဖြစ်သည်။

ရေဆက်သွယ်မှုကို မြိုနယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံး အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု) က ဝန်ထမ်းများက ရေဆက်သွယ်သူတို့လိုက်နာရမည့်စည်းကမ်းချက်များနှင့်ခွင့်ပြုပေးမည်ဖြစ်ပြီး စည်ပင်သာယာ ရေပိုက်လိုင်း၊အင်းလျားကန်၊ကန်တော်ကြီးနှင့် အခြားမြေစိုက်ရေကန်များမှခွင့်ပြုချက် မရှိဘဲ ရေဆက်သွယ်ပါကအရေးယူမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ယာယီရေဆက်သွယ်ခွင့်လျှောက်လွှာများကို စည်ပင်သာယာရေးကော်မတီ ၁၂ ထပ်ခွဲရုံး၊တိုးချဲ့ရုံးသစ်၊ပဉ္စမထပ်ရှိ အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု)ရုံးခန်း၌ အခမဲ့ထုတ်ယူနိုင်ကြောင်းထုတ်ပြန်ချက်အရသိရသည်။

Photo -YCDC


LEAVE A REPLY

Please enter your comment!
Please enter your name here