ရုရှား-မြန်မာ စီးပွားရေးကောင်စီစတင်တည်ထောင်၊JSC ညွှန်ချုပ်ကဥက္ကဋ္ဌဖြစ်လာ

0
207

ရုရှား-မြန်မာစီးပွားရေးကောင်စီ စတင်တည်ထောင်ခြင်းအစည်းအဝေးအား မတ် ၂၁ ရက်မွန်းလွဲ ၂ နာရီက မော်စကိုမြို့၌ကျင်းပရာ ရုရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးလွင်ဦးတက်ရောက်ခဲ့သည်။

ရုရှားနိုင်ငံ ကုန်သည်ကြီးများနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း၊ပြည်ပဆက်ဆံရေးဌာနမှ ညွှန်ကြားရေးမှူးချုပ် Mr. Alexander KOPKOV ကနှုတ်ခွန်းဆက်စကားပြောကြားခဲ့သည်။

မြန်မာသံအမတ်ကြီးဦးလွင်ဦး၊ရုရှား-အာဆီယံစီးပွားရေးကောင်စီ ဒု-ဥက္ကဋ္ဌ Mr. Alexey KALASHNIK ၊ရုရှားနိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန၊ဘက်ပေါင်းစုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့်အထူးစီမံကိန်းများဌာန ဒု-ညွှန်ကြားရေးမှူးချုပ် Ms. Ekaterina EVGRAFOVA တို့ကလည်း အဖွင့်အမှာစကားများပြောကြားခဲ့ကြသည်။

ထို့နောက် Techpromimport JSC ၏ ညွှန်ကြားရေးမှူးချုပ် Mr. Aleksei SHUPLOV အား ရုရှား-မြန်မာစီးပွားရေးကောင်စီ၏ ဥက္ကဋ္ဌအဖြစ် အဖွဲ့ဝင်များက ရွေးကောက်တင်မြှောက်ခဲ့ကြသည်။

မြန်မာနိုင်ငံနှင့်စီးပွားရေးပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ရုရှားစီးပွားရေးလုပ်ငန်းများဖြစ်သည့် Russian Environmental Operator (REO) ၊ National Payment Card System “MIR” ၊ Trans-Show Tour travel company ၊ Inter RAO – EXPORT နှင့် R-Pharm တို့မှကိုယ်စားလှယ်များက လုပ်ငန်းဖြစ်ပေါ်တိုးတက်မှုအခြေအနေများကိုရှင်းလင်းပြောကြားခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here