ရန်ကုန် – မန္တလေးအမြန်လမ်းတွင် Light Truck ယာဉ်က Express ယာဉ်အား ဝင်တိုက်၊ (၁) ဦးဒဏ်ရာရ

0
121

ရန်ကုန် – မန္တလေး အမြန်လမ်းမကြီးပေါ်တွင် ယနေ့ မတ်လ (၂၂) ရက် နံနက်အစောပိုင်းက Express ယာဉ်နှင့် Light Truck ယာဉ်တို့ တိုက်မိပြီး ယာဉ်မောင်းတစ်ဦး ဒဏ်ရာရသည့်ဖြစ်စဉ် ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့မှ သိရသည်။

ယနေ့ နံနက်အစောပိုင်း (၅) နာရီဝန်းကျင်ခန့်က ရန်ကုန် – မန္တလေး အမြန်လမ်းမကြီး၏ မိုင်တိုင်အမှတ် ၁/၂ နှင့် ၁/ ၃ ကြားတွင် Light Truck ကားက အဝေးပြေးခရီးသည်တင် Express ကားအား ဝင်တိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ယာဉ်တိုက်မှုဖြစ်စဥ်ကြောင့် Light Truck ကားမောင်းသူမှာ ကားခေါင်းခန်းအတွင်းညပ်နေသဖြင့် မီးသတ်တပ်ဖွဲ့ဝင်များက ကယ်ဆယ်ရေး လုပ်ငန်းများလုပ်ဆောင်ခဲ့ရာ နံနက် ၅ နာရီ ၃၆ မိနစ်တွင် ယာဉ်မောင်းအား ကယ်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။

“ဒဏ်ရာရထားတာတော့ရှိတယ်။ မစိုးရိမ်ရပါဘူး။ ကျွန်တော်တို့ရောက်တော့ မီးသတ်က လူနာကို ကားထဲကနေအပြင်ထုတ်ထားပြီးပြီ”ဟု လှည်းကူးမြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထိခိုက်ဒဏ်ရာရရှိခဲ့သည့် Light Truck ယာဉ်မောင်းသူအား လှည်းကူးမြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ လှည်းကူးမြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here