ရန်ကုန် – ပြည်လမ်း မြို့ရှောင်လမ်းတွင် အိမ်စီးကားလမ်းဘေးချိုင့်ထဲ ထိုးကျတိမ်းမှောက်

0
90

ပဲခူးတိုင်း၊ ပြည်မြို့ရှိ ရန်ကုန် – ပြည်သွားလမ်း၏ အစိတ်အပိုင်းတစ်ခုဖြစ်သည့် ပြည်မြို့ မြို့ရှောင်လမ်းတွင် မတ် (၂၁) ရက်နေ့လယ်က အိမ်စီးယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးရှိ ချိုင့်အ တွင်းထိုးကျမှု ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (ပြည်) မှ သိရသည်။

ယမန်နေ့ မွန်းလွှဲ (၃)နာရီကျော်ခန့်က ပြည်မြို့ ၊ နဝဒေးနယ်မြေရှိ ရန်ကုန် – ပြည် ကားလမ်း၏ မြို့ရှောင်လမ်းပေါ်တွင် အိမ်စီးကား အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးချိုင့်ထဲသို့ထိုးကျတိမ်းမှောက်သွားခဲ့ခြင်း ဖြစ်သည်။

အခင်းဖြစ်နေရာသို့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (ပြည်) မှ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ပြုလုပ်ခဲ့ကြရာ ယာဉ်ပေါ်ပါ အမျိုးသမီးတစ်ဦးတွင် ထိခိုက်ဒဏ်ရာများ(မစိုးရိမ်ရ)ရရှိခဲ့သဖြင့် မြေပြင်ကုသမှုများပြုလုပ်ပေးခဲ့ကြကြောင်း သိရသည်။

“မြို့ရှောင်လမ်းပေါ်က စက်သုံးဆီရောင်းတဲ့ ဆိုင်နားလေးက ချိုင့်ထဲကို ထိုးကျသွားတာ။ အမျိုးသမီးတစ်ယောက်ထိတယ်။ ဒဏ်ရာရတာက မပြင်းထန်ပါဘူး။ မြေပြင်ကုသမှုလောက်ပါပဲ။ ချိုင့်ထဲကျသွားတဲ့ ကားကိုတော့ ကရိန်းကားနဲ့ ဆွဲတင်ခဲ့ရတယ်”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးက ပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here