လူ့ဘောင်သစ်ပါတီ (NSP) မှတ်ပုံပြန်တင် ၊ လက်ရှိအချိန်ထိ မှတ်ပုံပြန်တင်သည့် ပါတီ (၃၃) ပါတီအထိရှိလာ

0
135

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေသစ်အရ ပါတီများ မှတ်ပုံပြန်တင်ရမည့် ရက်ပေါင်း (၆၀) မှာ မကြာမီရက်ပိုင်းအတွင်း ပြည့်တော့မည်ဖြစ်ရာ ယမန်နေ့ မတ်လ (၂၁) ရက်တွင် လူ့ဘောင်သစ်ပါတီ (NSP)မှ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ ပါတီမှတ်ပုံတင်ခွင့်လာရောက်လျှောက်ထားခဲ့ကြောင်း သိရသည်။

လာမည့် မတ်လ (၂၈) ရက်အထိသာ ပါတီများ မှတ်ပုံတင်ပြန်လည်လျှောက်ထားနိုင်ကြောင်း နစက ဘက်က အသိပေးထားပြီး လက်ရှိအချိန်ထိ UEC ထံတွင် မှတ်ပုံတင် ပြန်လည်လျှောက်ထားသည့် ပါတီ (၃၃) ပါတီ ရှိပြီဖြစ်ကြောင်း သိရသည်။

UEC ၏ ထုတ်ပြန်ချက်အရ လူ့ဘောင်သစ်ပါတီသည် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ (၂၅) အရ မှတ်ပုံတင် ပြန်လည်လျှောက်ထားခဲ့ခြင်းဖြစ်ပြီး ဆက်လက်စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ (၂၅) တွင် ယခင် ဥပဒေအရ မှတ်ပုံတင်ထားသည့် နိုင်ငံရေးပါတီများအနေဖြင့် ရက်ပေါင်း (၆၀) အတွင်း မှတ်ပုံတင် ပြန်လည်လျှောက်ထားရမည်ဖြစ်ပြီး မှတ်ပုံပြန်မတင်ပါက ပါတီအဖြစ်မှ အလိုအလျှောက် ပျက်ပြယ်မည်ဟု ပြဌာန်းထားခြင်း ဖြစ်သည်။

ယနေ့အထိ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေသစ်အရ မှတ်ပုံတင် ပြန်လည်လျှောက်ထားသည့် ပါတီ (၃၃) ပါတီရှိပြီး ပြည်ထောင်စုအဆင့် စည်းရုံးမည့် ပါတီ (၈) ပါတီနှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုအတွင်း၌သာ စည်းရုံးမည့် ပါတီမှာ (၂၅) ပါတီ ရှိကြောင်း UEC ၏ စာရင်းအချက်အလက်များအရ သိရသည်။

အဆိုပါ ပါတီများ၏ ပါတီတည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့်ပြုနိုင်ရေး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဆက်လက်စိစစ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here