မြန်မာချိုးလင်းပြာ တံဆိပ်ခေါင်းသစ် ယနေ့စတင်ရောင်းချ

0
180

မြန်မာ့ဒေသရင်း ငှက်မျိုးစိတ်တစ်မျိုးဖြစ်သည့် ချိုးလင်းပြာငှက်ပုံစံ စာပိုတံဆိပ်ခေါင်းအသစ်ကို ရောင်းချပေးမည်ဖြစ်ကြောင်း မြန်မာ့စာတိုက်လုပ်ငန်းမှ သိရသည်။

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့စာတိုက်လုပ်ငန်းမှ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနက မြန်မာနိုင်ငံ၌သာကျက်စားသည့် ဒေသရင်းငှက်မျိုးစိတ်အဖြစ်မှတ်တမ်းတင် သဘောထားမှတ်ချက်ပြုထားသည့်မြန်မာ့ဒေသရင်း “မြန်မာ ချိုးလင်းပြာ” ငှက်ပုံ (၂၀၀ ကျပ်တန်) စာပို့တံဆိပ်ခေါင်းသစ် (၁)မျိုးကို ယနေ့(မတ်လ ၂၂ ရက်)တွင် ရောင်းချပေးမည်ဖြစ်သည်။

အဆိုပါ တံဆပ်ခေါင်းကို နေပြည်တော်စာတိုက်ကြီး ၊ရန်ကုန်စာတိုက်ကြီးနှင့် မန္တလေးစာတိုက်ကြီးအပါအဝင် အခြားပြည်နယ်နှင့် တိုင်းများရှိ စာတိုက်ကြီးများတွင် ရောင်းချပေးသွားမည်ဖြစ်သည်။

အဆိုပါတံဆိပ်ခေါင်းကို အထူးအစီအစဉ်အဖြစ် ယနေ့တွင် စာပို့တံဆိပ်ခေါင်းများပေါ်တွင် နေ့စွဲအမှတ်အသားတံဆိပ် ရိုက်နှိပ်ပေးမည်ဖြစ်ကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here