ထိုင်း စစ်ဆေးရေးဂိတ်တွင် ရပ်တန့်ခြင်းမရှိဘဲ မောင်းပြေးသည့် ပစ်ကပ်ကားပေါ်ပါ မြန်မာနိုင်ငံသားကလေးငယ်တစ်ဦးအပါအဝင် (၁၂) ဦး ဖမ်းဆီးခံရ

0
111

ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင်ရှိ စစ်ဆေးရေးဂိတ်တစ်ခုတွင် စစ်ဆေးရန်တားမြစ်ခြင်းကို ရပ်တန့်ခြင်းမရှိဘဲ မောင်းပြေးသည့် ပစ်ကပ်ကားပေါ်မှ မြန်မာနိုင်ငံသား (၁၂) ဦးကို ထိုင်းလုံခြုံရေးအဖွဲ့များက မတ်လ (၂၀) ရက်တွင် ဖမ်းဆီးခဲ့‌ကြောင်း သိရသည်။

မတ်လ (၂၀) ရက် နံနက်(၁၀) နာရီခန့်က ထိုင်းနိုင်ငံ၊ ကျန် ချနဘူရီခရိုင်၊ ဝမ်ဒို့ကျေးရွာအနီးတွင် ဖြတ်သန်းသွားလာနေသည့် ကားများအား လုံခြုံရေးတာဝန်ရှိသူများက စစ်ဆေးမှုများပြုလုပ်နေစဉ် ယင်းဖြစ်စဉ် ဖြစ်ပွားခြင်းဖြစ်သည်။

လုံခြုံရေးအဖွဲ့များက စစ်ဆေးရန် ရပ်တန့်ခိုင်းစဉ် ပစ်ကပ်ကားတစ်စီးသည် ရပ်တန်ခြင်းမရှိဘဲ မောင်းနှင်ထွက်ပြေးသဖြင့် တာဝန်ရှိသူများက လိုက်လံဖမ်းဆီးရာ စစ်ဆေးရေးဂိတ်နှင့် အနည်းငယ်ဝေးသည့် ဝမ်ဖာရဖီမြို့သို့သွားသည့်လမ်း၌ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ယာဉ်ပေါ်တွင်လိုက်ပါလာသည့် မြန်မာနိုင်ငံသား ကလေးငယ် (၁) ဦးအပါအဝင် အမျိုးသား၊အမျိုးသမီး (၁၂) ဦးကို စစ်ဆေးရာ ထိုင်းနိုင်ငံ၌ အလုပ်လုပ်ကိုင်ရန် တရားမဝင် ဝင်ရောက်လာသူများ ဖြစ်သည့်အတွက် လုံခြုံရေးအဖွဲ့များက ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း သိရသည်။

အဆိုပါ တရားမဝင် မြန်မာရွှေ့ပြောင်း လုပ်သားများသည် တစ်ဦးလျင် ပွဲစားခ ထိုင်းဘတ်ငွေ ၂၈၀၀၀ မှ ၃၀၀၀၀ အထိပေး၍ ဝင်ရောက်လာခြင်းဖြစ်ကြောင်း သိရပြီး ၎င်းတို့အား (ထိုင်းနိုင်ငံသား ယာဉ်မောင်းအပါအဝင်) ထိုင်းနိုင်ငံ လဝက ဥပဒေအရ အရေးယူရန် သက်ဆိုင်ရာရဲစခန်းသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here