အိန္ဒိယအသင်းက မြန်မာအသင်းကို ၁ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိ

0
169

မြန်မာ့လက်ရွေးစင်အသင်းနှင့် အိန္ဒိယလက်ရွေးစင်အသင်းတို့ ယနေ့ ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့ကြသည်။

အိန္ဒိယနိုင်ငံ အင်ဖာမြို့ KHUMAN LAMPAK STADIUM ၌ ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်ပြီး အိန္ဒိယအသင်းက မြန်မာအသင်းကို ၁ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။

အိန္ဒိယ၊ ကာဂျစ္စတန် တို့နှင့်ကစားမည့် ခြေစမ်းပွဲများအတွက် မြန်မာ့လက်ရွေးစင်အသင်းလူစာရင်းတွင် အဓိက ကစားသမားများစွာပါ၀င်လာပြီး အချိန်အတော်ကြာအသင်းနှင့် ပူးပေါင်းနိုင်ခြင်းမရှိသည့် တိုက်စစ်ကစားအောင်သူလည်း ပါ၀င်လာခဲ့သည်။

မြန်မာ့လက်ရွေးစင် အသင်းသည် ဒုတိယ ခြေစမ်းပွဲ အဖြစ် ကာဂျစ္စတန် အသင်းနှင့် မတ်လ ၂၅ ရက်တွင် ဆက်လက်ခြေစမ်းမည် ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here