ပညာရေး၏ အန္တိမရည်မှန်းချက်သည် လူ့အဖွဲ့အစည်းနှင့်နိုင်ငံအတွက်အကျိုးပြုနိုင်မည့် လူသားဆိုင်ရာ ကိုယ်ရည်ကိုယ်သွေးများအပြည့်အဝဖွံ့ဖြိုးတိုးတက်စေရန်ဖြစ်

0
165

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ ပညာသင်ယူပိုင်ခွင့်နှင့်ပတ်သက်သည့် အရေး ကြီးသောစဉ်းစားဆောင်ရွက်မှုများနှင့် စပ်လျဉ်း၍ မတ် ၂၂ ရက်ကထုတ်ပြန်ခဲ့သည့် သတင်းထုတ်ပြန်ချက်အမှတ်(၄/ ၂၀၂၃)တွင် ရေးသားထားခြင်းဖြစ်သည်။

လူတိုင်းတွင် ပညာသင်ယူပိုင်ခွင့်ရှိကာ ကမ္ဘာ့လူ့အခွင့်အရေးကြေညာ စာတမ်း၏ အပိုဒ် ၂၆ တွင် အတိ အလင်းပြဆိုထားပြီး ယင်းအခွင့်အရေးအား အကောင်အထည်ဖော်ရာတွင် တန်းတူရည်တူ ပညာသင်ယူခွင့်ကို အခြေခံလိုအပ်ချက်အဖြစ် အသိအမှတ်ပြု ဖော်ပြထားသည်ဟု ထုတ်ပြန်ရေးသားထားသည်။

အဓိပ္ပာယ်ဖွင့်ဆိုသတ်မှတ်ရာတွင် အခြေခံပညာအဆင့်များ၌ အခမဲ့ပညာသင်ယူခွင့်ရရှိရေးသည် အလွန်အရေးပါသည့် အချက်များဖြစ်ကာ မသင်မနေရ မူလတန်းပညာရေးသဘောတရားကို လိုက်နာဆောင်ရွက်ရမည်ဖြစ်ပြီး နိုင်ငံတော်အစိုးရ၏ KG+9 မူဝါဒကို အကောင်အထည်ဖော်ဆောင်မှုသည် သတ်မှတ်ထားသော လိုအပ်ချက်များနှင့်ကိုက်ညီမှုရှိသည်ဟု ရေးသားထားသည်။

အဓိပ္ပာယ်ပြည့်ဝသော ပညာသင်ယူပိုင်ခွင့်ရရှိရေးတွင် ပညာသင်ယူရန်လွယ်ကူအဆင်ပြေမှုနှင့်တန်းတူရည်တူရှိမှုတို့သည် မရှိမဖြစ်လိုအပ်ကာ မည်သည့်နေရာတွင် သင်ကြားခွင့်ရှိသည်ဖြစ်စေ၊ သင်ရိုးညွှန်းတမ်းတွင် မည်သည့်သင်ခန်းစာများ ပါဝင်သည်ဖြစ်စေ သင်ကြားပို့ချသူ ဆရာ/ဆရာ မများသည် မည်သူများပင်ဖြစ်စေ ပညာရေး၏ အန္တိမရည်မှန်းချက်သည် ကျောင်းသူ/ကျောင်းသားများ၏ အကျိုး၊လူ့အဖွဲ့အစည်းနှင့်နိုင်ငံအတွက်အကျိုးပြုနိုင်မည့် လူသားဆိုင်ရာ ကိုယ်ရည်ကိုယ်သွေးများအပြည့်အဝဖွံ့ဖြိုးတိုးတက်စေရန်ဖြစ်သည်ဟု ထုတ်ပြန်ရေးသားထားသည်။

ပညာတတ်ပုဂ္ဂိုလ်များသည် အမှန်စင်စစ် နိုင်ငံအတွက်အရေးကြီးသော အဖိုးတန်ရတနာများ ဖြစ်သည်ကို ထင်ထင်ရှားရှားသိမြင်ကြမည်ဖြစ်ပြီး ထိုသို့ ရှုမြင်ပါက ပညာသင်ယူပိုင်ခွင့်ကို လွယ်ကူချောမွေ့စေရန် ဆောင်ရွက်ပေးခြင်းသည် နောင်အနာဂတ်အတွက် အမြော်အမြင်ရှိသည့် လမ်းစဉ်တစ်ရပ်ဖြစ်သည်ဟုလည်း ရေးသားထားသည်။

ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်း၏ အပိုဒ် ၂၆ အား အကောင်အထည်ဖော်ရန် ကြိုးပမ်းမှုများကို ကြိုဆိုကြလိမ့်မည်ဟု ယုံကြည်သည်ဟုလည်း ထုတ်ပြန်ချက်၌ရေးသားထားသည်။

ပုံစာ – ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုခြင်း ပထမနေ့ပုံရိပ်များ


LEAVE A REPLY

Please enter your comment!
Please enter your name here