ချောင်းဦးမြိုနယ်တွင် မိုင်းလာ​ထောင်စဥ်ပေါက်ကွဲမှုဖြစ်ပွား၍ အမျိုးသား ၁ ဦးသေဆုံး

0
221

စစ်ကိုင်းတိုင်း၊ချောင်းဦးမြို့နယ်၊အောင်ချမ်းသာကျေးရွာနှင့်ခင်မွန်ကျေးရွာကြားရှိ ဇရပ်တစ်ခုဘေးတွင် မတ် ၂၂ ရက် ​နေ့လယ် ၁၂နာရီခွဲက မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

အခင်းဖြစ်နေရာ၌ အမည်၊အသက်၊နေရပ်လိပ်စာ(စီစစ်ဆဲ)အမျိုးသားတစ်ဦးသည် ဦးခေါင်းပွင့်ထွက်၊ဘယ်ခြေသလုံးပွန်းပဲ့ဒဏ်ရာများဖြင့် သေဆုံးနေသည်ကိုစစ်ဆေးတွေ့ရှိခဲ့ရသည်။

“သေဆုံးတဲ့လူနဲ့သူလွယ်ထားတဲ့အိတ်ထဲကို စစ်ဆေးကြည့်တဲ့အခါ တွေ့ရတဲ့ပစ္စည်းတွေအရ မိုင်းလာထောင်တုန်းပေါက်ကွဲပြီးသေဆုံးတာလို့ ကနဦးကောက်ချက်ချထားတယ်”ဟု လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူတစ်ဦးကပြောသည်။

သေဆုံးသူလွယ်ထားသည့် လွယ်အိတ်အတွင်းမှ လက်ပစ်ဗုံး ၁ လုံး၊ Keypad ဖုန်း ၅ လုံး၊ Receiver ၂ ခုနှင့်မှတ်ပုံတင် ၁ ခုတို့အား ရှာ​ဖွေတွေ့ရှိခဲ့သည်ဟု သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here