နေပြည်တော်ကောင်စီနယ်မြေတွင် အလှည့်ကျစနစ်ဖြင့် မီးပေးမည်

0
496

နေပြည်တော်ကောင်စီနယ်မြေတွင် ယခင်လို လျှပ်စစ်မီးအပြည့်ရရှိတော့မည်မဟုတ်ဘဲ အချိန်အပိုင်းအခြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

နေပြည်တော်ကောင်စီနယ်မြေမှလွဲ၍ အခြားတိုင်းနှင့်ပြည်နယ်တွင် အလှည့်ကျစနစ်ဖြင့် မီးပေးနေခြင်းဖြစ်ကြောင်း၊နေပြည်တော်တွင် ယနေ့(မတ်လ ၂၃ ရက်)တွင်စတင်ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။

“ အလှည့်ကျစနစ်နဲ့ မီးပေးမယ်လို့တော့ ကြားတာပဲ။ အခုထိတော့ မီးလာနေသေးတယ်။ ဘယ်အချိန်မှထပျက်မလဲမသိဘူး”ဟုနေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်တွင် နေထိုင်သူတစ်ဦးက ပြောသည်။

(A၊B၊C၊D) ဟူ၍ အုပ်စု ၄ စုနှင့် အလှည့်ကျမီးပေးသွားမည်ဖြစ်ကြောင်း လျှပ်စစ်ဌာနက အသိပေးကြေညာထားသည်။ အုပ်စုတစ်စုလျှင် တစ်ရက်ကျော် ၈ နာရီပုံမှန် မီးပျက်မည်ဖြစ်ပြီး တစ်ရက်ကို အုပ်စု နှစ်စု အလှည့်ကျ မီးပြတ်မည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here