တံတားဦးမြို့နယ်ရှိ ကော်စေ့စက်ရုံတွင် တစ်နာရီကျော်ကြာ မီးလောင်မှုဖြစ်ပွား

0
155

မန္တလေးတိုင်း၊တံတားဦးမြို့နယ်ရှိ ကော်စေ့စက်ရုံတွင် မတ် ၂၄ ရက်(ယနေ့)နေ့လည်ပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ သိရသည်။

ယနေ့နေ့လည် ၁ နာရီ ၄၁ မိနစ်ခန့်က တံတားဦးမြို့နယ်၊ခင်လူးလေးကျေးရွာအုပ်စု၊ပန်းလောင်မြစ်အနီးရှိ ကော်စေ့စက်ရုံတွင် မီးလောင်မှုဖြစ်ပွား၍ ကျောက်ဆည်ခရိုင်/မြို့နယ်၊စဉ့်ကိုင်မြို့နယ်၊စကားအင်းမြို့နယ်၊အမရပူရမြို့နယ်၊ပြည်ကြီးတံခွန်မြို့နယ် စသည့် မီးသတ်စခန်းများနှင့်လူမှုကူညီရေးအသင်းဝင်များက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသည်။

ထို့ကြောင့် မွန်းလွဲ ၂ နာရီ ၄၃ မိနစ်တွင် မီးငြိမ်းသွားခဲ့ပြီး မီးလောင်မှုဖြစ်ပွားရသည့်အကြောင်းရင်းနှင့်ပျက်စီးဆုံးရှုံးမှုတန်ဖိုးအား မီးသတ်တပ်ဖွဲ့တာဝန်ရှိသူများက စစ်ဆေးလျက်ရှိကြောင်း သိရသည်။

“မီးငြှိမ်းသတ်ချိန် တစ်နာရီကျော်ကျော်လောက်ကြာတယ် ကော်စေ့တွေဖြစ်တဲ့အတွက် အပြီးတိုင်မီးငြိမ်းဖို့အတွက် အချိန်ယူခဲ့ရတာပါ”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here