ဓားမောက်ရှည် နှစ်လက်ပုံစံ ဆောက်လုပ်ထားသော ကာတာရှိ ကြယ်ငါးပွင့် ဟိုတယ်ကြီး

0
150

ရင်သပ်ရှုမောဖွယ်ကောင်းတဲ့ ဒီအဆောက်အအုံဟာ ကာတာနိုင်ငံရဲ့ ဒုတိယအကြီးဆုံး မြို့တော် လူဆေးလ်မှာရှိတဲ့ ကြယ်ငါးပွင့် ဟိုတယ်အသစ်ကြီးဖြစ်ပါတယ်။

ဒီဟိုတယ်ကို ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှာ ဖွင့်လှစ်ခဲ့တာပါ။ “ကတာရာ မျှော်စင်များ” လို့အမည်ပေးထားပြီး ထူးခြားချက်တွေနဲ့ ပြည့်နှက်နေတဲ့ ဟိုတယ်ကြီး ဖြစ်ပါတယ်။

ပထမဆုံး သတိထားမိမှာကတော့ အဆောက်အအုံရဲ့ ပုံသဏ္ဍာန်ပါ။ ကာတာနိုင်ငံရဲ့ နိုင်ငံတော် သင်္ကေတမှာ ပါဝင်တဲ့ ဓားမောက်နှစ်လက်ကို အမှီပြုပြီး ဆောက်လုပ်ထားပါတယ်။

နောက်တစ်ခုကတော့ ဒီဟိုတယ်ကြီးထဲမှာ ဟိုတယ်နှစ်ခု ကွဲနေတာပဲ ဖြစ်ပါတယ်။ ဖဲလ်မန့် နဲ့ ရာဖဲလ်စ် ဆိုတဲ့ ဟိုတယ်လုပ်ငန်းစု နှစ်ခုက ဒီဟိုတယ်ကြီးကို တစ်ယောက် တစ်ခြမ်းစီ ပိုင်ဆိုင်ထားတယ်။

ဒီလို ဟိုတယ်နှစ်ခုကွဲနေတဲ့အတွက် လာရောက်တဲ့ ဧည့်သည်အုပ်စုကလည်း နှစ်စုကွဲနေပါတယ်။ ဘဝမှာ တစ်ခါမှမရဖူးသေးတဲ့ ယဉ်ကျေးမှု အတွေ့အကြုံ အသစ်အဆန်းတွေကို ခံစားကြည့်ချင်တဲ့သူက ရာဖဲလ်စ် ဘက်မှာ တည်းခိုကြပြီး ဒေသရဲ့ ယဉ်ကျေးမှုစစ်စစ်ကို ခံစားကြည့်ချင်တဲ့သူတွေကတော့ ဖဲလ်မန့် ဘက်ကို သွားရောက်အားပေးကြပါတယ်။ ဒီအချက်တွေကပဲ ဒီဟိုတယ်ကို အခြားဟိုတယ်ကြီးတွေထက် ပိုပြီး ထူးခြားကွဲပြားစေတယ်။

ဒီလိုဟိုတယ်ကြီး ဖြစ်လာဖို့ကလဲ မလွယ်ကူလှပါဘူး။ ၂၀၁၄ ခုနှစ်မှာ စတင်ဆောက်လုပ်တာ ၂၀၂၂ ခုနှစ်ရောက်မှ ဆောက်လုပ်မှု ပြီးစီးခဲ့တယ်။ ကုန်ကျစရိတ်က ဒေါ်လာ သန်း ၆၀၀ ရှိခဲ့တယ်လို့လည်း သိရပါတယ်။

Source: CNN


LEAVE A REPLY

Please enter your comment!
Please enter your name here