ဆီးရီးယားရှိ အမေရိကန် အခြေစိုက် စခန်းအား အီရန်ကျောထောက်နောက်ခံပြုတပ်ဖွဲ့များက ဒုံးကျည်ဖြင့်တိုက်ခိုက်

0
182

ဆီးရီးယားအရှေ့မြောက်ပိုင်းရှိ အမေရိကန်အခြေစိုက်စခန်းတစ်ခုကို ပစ်မှတ်ထားတိုက်ခိုက်နေသည့် အီရန် ကျောထောက်နောက်ခံပြုတပ်ဖွဲ့ဝင်များသည် အမေရိကန်ကို လက်တုံ့ပြန်သည့်အနေဖြင့် ဒုံးကျည်ခုနစ်စင်းခန့် သောကြာနေ့က ပစ်လွှတ်တိုက်ခိုက်ခဲ့ကြောင်း ကာကွယ်ရေးအရာရှိတစ်ဦးက Fox News သို့ အတည်ပြုပြောကြားခဲ့သည်။

ယင်းတိုက်ခိုက်မှုကြောင့် သေဆုံး ဒဏ်ရာရစာရင်းကို လတ်တလော မသိရှိရသေးချေ။

အမေရိကန် ကန်ထရိုက်တာတစ်ဦး သေဆုံးပြီး အခြားအမေရိကန် ခြောက်ဦးလည်း ဒဏ်ရာရရှိသွားသော အီရန်လုပ်မောင်းသူမဲ့လေယာဉ်၏ ကြာသပတေးနေ့ကတိုက်ခိုက်မှုကို လက်တုံ့ပြန်သည့်တိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်ရန် အမေရိကန်သမ္မတဂျိုးဘိုင်ဒင်က အမိန့်ပေးခဲ့ပြီးနောက် အီရန် ကျောထောက်နောက်ခံပြုတပ်ဖွဲ့များက ယခုကဲ့သို့ ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်မှုများပြန်လည်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

အမေရိကန်သမ္မတဂျိုးဘိုင်ဒင်က အမိန့်ဖြင့် အမေရိကန်၏ တိုက်ခိုက်မှုအတွင်း အီရန်နိုင်ငံသား ရှစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here