စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများကို အရှိန်အဟုန်မပြတ်ဆောင်ရွက်ခဲ့၍ GDP တိုးတက်လာ

0
120

မြန်မာနိုင်ငံ၏ GDP မှာယခင်ကထက်တိုးတက်လာခြင်းနှင့်ပတ်သက်၍ နစက ဥက္ကဋ္ဌမှ မတ် ၂၄ ရက်နံနက်က ပြည်ထောင်စုဝန်ကြီးများ၊တိုင်းနှင့်ပြည်နယ်ဝန်ကြီးချုပ်များ၊ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း၊ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့်တွေ့ဆုံစဥ် ပြောကြားခဲ့ခြင်းဖြစ်သည်။

နိုင်ငံရေးအရ သဘောထားမတိုက်ဆိုင်သည့် ပြည်တွင်း၊ပြည်ပအဖွဲ့အစည်းအချို့၏ အစိုးရအုပ်ချုပ်မှုယန္တရားနှင့်ဘဏ်လုပ်ငန်းစနစ်များ ပြိုလဲစေရန် ရည်ရွယ်ချက်ရှိရှိထိုးနှက်တိုက်ခိုက်မှုများပြုလုပ်ခဲ့ကြသော်လည်း မိမိတို့မှ ဘဏ်စနစ်များ ထိခိုက်ပြိုလဲမှုမဖြစ်စေရန် ထိန်းသိမ်းဆောင်ရွက်ခဲ့၍ ၂၀၂၂ ခုနှစ် နှစ်လယ်ပိုင်းတွင်လည်ပတ်သုံးစွဲငွေများ ပုံမှန်အတိုင်းပြန်လည်ဖြစ်ပေါ် ခဲ့သည်ဟု ဆိုသည်။

၂၀၂၀ ပြည့်နှစ် ကိုဗစ်(၁၉)ရောဂါစတင်ဖြစ်ပွားချိန်မှစ၍ နိုင်ငံ့စီးပွားရေးကျဆင်းလာခဲ့ပြီး ၂၀၂၀-၂၀၂၁ ခုနှစ်ဘဏ္ဍာရေးနှစ်တွင် နိုင်ငံ၏ GDP သည် အနုတ် ၅ ဒသမ ၉ ရာခိုင်နှုန်းအထိကျဆင်းခဲ့သည်။

ထိုသို့ ကျဆင်းခဲ့သည့် နိုင်ငံ၏ GDP တိုးတက်လာစေရန် အခက်အခဲများကြားမှ တာဝန်ယူဆောင်ရွက်ချိန်တွင် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများကို အရှိန်အဟုန်မပြတ်ဆောင်ရွက်ခဲ့၍ GDP တိုးတက်လာခဲ့သည်ဟု ဆိုသည်။

မြန်မာနိုင်ငံတွင် စိုက်ပျိုးမွေးမြူရေးကိုအခြေခံ၍ စီးပွားရေးလုပ်ငန်းများကို အောင်မြင်စွာ ဆောင်ရွက်နိုင်သည့် အခြေအနေကောင်းများရှိသဖြင့် မြေသယံဇာတများကို အကျိုးရှိရှိအသုံးချနိုင်ရန် စနစ်တကျစီမံဆောင်ရွက်ရမည်ဟု ဆိုသည်။

စပါး၊ပဲ၊ဆီထွက်သီးနှံများနှင့်အခြားသီးနှံများကို ပန်းတိုင်အထွက်နှုန်းပြည့်မီစွာထွက်ရှိစေရန် ကြိုးပမ်းဆောင်ရွက်၍ မြေကိုအကျိုးရှိရှိအသုံးချရမည်ဟုလည်း နစက ဥက္ကဋ္ဌကမှာကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here