မလေးရှားရှိ အမြင့်ဆုံးတောင်ကို ဝတ်စုံပြည့်ဝတ်ကာ သားရေဖိနပ်နှင့် တက်ခဲ့သော ဂျပန်နိုင်ငံသား

0
180

နာမည်ကြီး ဂျပန်အပ်ချုပ်ဆရာတစ်ဦးဟာ မလေးရှားနိုင်ငံရဲ့ အမြင်ဆုံးတောင်ဖြစ်တဲ့ ကီနဘာလူ တောင်ကို သမားရိုးကျ တောင်တက်ဝတ်စုံနဲ့ မဟုတ်ဘဲ ကိုယ်တိုင်ချုပ် ဝတ်စုံကို အပြည့်ဝတ်တဲ့ အပြင် သားရေဖိနပ်နဲ့ကို တက်ခဲ့တယ်လို့ သိရပါတယ်။

သူ့နာမည်ကတော့ နိုဘူတာကာ ဆာဒါလို့ ခေါ်ပါတယ်။ သူဟာ အပ်ချုပ်ဆရာတစ်ဦးဖြစ်ပြီး အခုလိုမျိုး စွန့်စားရတာကို ဝါသနာပါသူပါ။ ကိုယ်ပိုင် ဝတ်စုံချုပ်လုပ်ငန်းကို ပိုင်ဆိုင်ထားပြီး သူရဲ့ အမှတ်တံဆိပ်ကို လူသိများလာစေဖို့အတွက် ဒီလိုမျိုး စတန့်တွေ မကြာခဏ လုပ်လေ့ရှိပါတယ်။

အခုတစ်ခါလည်း မီတာ ၄,၀၉၅ အမြင့်ရှိတဲ့ ကီနဘာလူ တောင်ထိပ်ကို ဘာအကူပစ္စည်းမှ မပါဘဲ ဝတ်စုံအပြည့်၊ သားရေ ရှုးဖိနပ်၊ လည်ဆွဲကပ်ပြား ၊ အိတ်တစ်လုံးနဲ့ပဲ တက်ခဲ့တာပါ။ အဲဒီတောင်ပေါ် တက်တဲ့ ဗီဒီယိုကို သူရဲ့ Tiktok အကောင့်ပေါ်မှာ တင်ထားပြီး လူအများရဲ့ စိတ်ဝင်စားမှုကို ခံနေရပါတယ်။

ဆာဒါဟာ အရင်တုန်းကလည်း ဂျပန်နိုင်ငံရဲ့ ၂၆ ခုမြောက် အမြင့်ဆုံးတောင်ဖြစ်တဲ့ ရှီယိုးမားကို အခုလိုမျိုး ဝတ်စုံအပြည့်နဲ့ တက်ခဲ့ဖူးပါတယ်။ ဒါ့ပြင် တိုကျို မာရသွန်အပြေးပြိုင်ပွဲမှာ ပါဝင်ခြင်း၊ ဟိုကိုင်းဒိုး တောင်စောင်းမှာ နှင်းလျှောစီးခြင်း၊ ဂန်ကိုင်း ပင်လယ်ထဲမှာ ရေငုပ်ခြင်းစတဲ့ စတန့်တွေကိုလည်း ကိုယ်တိုင်ချုပ် ဝတ်စုံနဲ့ပဲ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

Source: Odditycentral


LEAVE A REPLY

Please enter your comment!
Please enter your name here