တိုင်းဒေသကြီး ၆ ခုရှိ MSME လုပ်ငန်းများဖွံဖြိုးတိုးတက်ရန် ရန်ပုံငွေ ၅၂ ဘီလီယံပေးအပ်

0
140

ဒေသအလိုက်ကုန်ထုတ်လုပ်မှုတိုးတက်ရေးအတွက် ရန်ကုန်တိုင်းအပါအဝင် တိုင်းဒေသကြီး ၆ ခုရှိ အသေးစား၊အငယ်စားနှင့်အလတ်စားစီးပွားရေး(MSME)လုပ်ငန်းများတွင်အသုံးပြုရန် နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ရန်ပုံငွေများအား နစက ဥက္ကဋ္ဌက ပေးအပ်ခဲ့သည်။

မတ် ၂၄ ရက်နံနက်က ပြည်ထောင်စုဝန်ကြီးများ၊တိုင်းနှင့်ပြည်နယ်ဝန်ကြီးချုပ်များ၊ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့်တွေ့ဆုံညှိနှိုင်းအစည်းအဝေးတွင် နစက ဥက္ကဋ္ဌမှ တိုင်းအစိုးရဝန်ကြီးချုပ်များအား ပေးအပ်ခဲ့ခြင်းဖြစ်သည်။

နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ စစ်ကိုင်းတိုင်းနှင့်မကွေးတိုင်းအတွက် ငွေကျပ် ၁၀ ဘီလီယံစီ၊ရန်ကုန်တိုင်း၊ပဲခူးတိုင်း၊မန္တလေးတိုင်းနှင့်ဧရာဝတီတိုင်းတို့အတွက် ငွေကျပ် ၈ ဘီလီယံစီအားပေးအပ်ခဲ့သည်။

နိုင်ငံတော်၏ စိုက်ပျိုးမွေးမြူရေးကဏ္ဍကို စနစ်တကျ အောင်မြင်အောင်ဆောင်ရွက်နိုင်ပါက အမျိုးသားရေးမျှော်မှန်းချက်နှစ်ရပ်ဖြစ်သည့် တိုင်းပြည်သာယာဝပြောရေးနှင့်စားရေရိက္ခာဖူလုံရေးတို့ကို ဖော်ဆောင်ပေးနိုင်မည်ဟု နစက ဥက္ကဋ္ဌကပြောကြားခဲ့သည်။

ကုန်ထုတ်လုပ်မှုရှိမှသာ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မည်ဖြစ်၍ ပြည်တွင်းကုန်ထုတ်လုပ်မှုကို မဖြစ်မနေအားပေးဆောင်ရွက်နေကာ ယခင်နှစ်မှစ၍ အသေးစား၊အငယ်စားနှင့်အလတ်စားစီးပွားရေး (MSME)လုပ်ငန်းများကို အားပေးဆောင်ရွက်လျက်ရှိသည်ဟု ဆိုသည်။

“ပြည်တွင်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းတွေက ထွက်ရှိတဲ့ ကုန်ကြမ်းတွေကိုအခြေခံပြီး စက်မှုလုပ်ငန်းတွေဆောင်ရွက်ခြင်းဟာ ခိုင်မာတဲ့ စီးပွားရေးလုပ်ငန်းကို အကောင်အထည်ဖော်ဆောင်ရွက်နေခြင်းဖြစ်ပါတယ် ဒါ့ကြောင့် မဖြစ်မနေလို အပ်ချက်တွေဖြစ်တဲ့ လျှပ်စစ်စွမ်းအားလိုအပ်ချက်ပြည့်မီစေရေးကို စီမံဆောင်ရွက်နေပါတယ်” ဟု နစက ဥက္ကဋ္ဌကပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here