စစ်တွေမြို့တွင် အမျိုးသား ၁ ဦး ရထားတိုက်ခံရ

0
161

ရခိုင်ပြည်နယ်၊စစ်တွေမြို့၊ဖိုးသာရွာရပ်ကွက်တွင် မတ် ၂၅ ရက်(ယနေ့)နံနက် ၁၀ နာရီခွဲက စစ်တွေမြို့၊ဖိုးသာရွာရပ်ကွက်ရှိ ရထားလမ်းပေါ်တွင် အမျိုးသား ၁ ဦးရထားတိုက်ခံရကြောင်းသတင်းအရ ရွှေရောင်မေတ္တာဖောင်ဒေးရှင်းမှ ကူညီကယ်ဆယ်ရေးလုပ်ငန်းများပြုလုပ်ခဲ့ကြသည်။

ဖြစ်စဥ်တွင် ရထားဖြင့်တိုက်ခံခဲ့ရသည့် အမျိုးသားမှာ ထိခိုက်ဒဏ်ရာများရရှိထားသဖြင့် မြေပြင်ကုသမှုများပြုလုပ်ပေးခဲ့ကြပြီးနောက် စစ်တွေမြို့ပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့ကြသည်။

“ဖုန်းသတင်းရလို့ ချက်ခြင်းသွားပြီးကူညီပေးခဲ့ပါတယ်။ ထိခိုက်ဒဏ်ရာတွေရခဲ့လို့ စစ်တွေဆေးရုံကိုဆေးကုသမှုခံယူနိုင်ဖို့အတွက်ပို့ပေးခဲ့ပါတယ်။ ဒဏ်ရာက​တော့သိပ်မစိုးရိမ်ရ​လောက်ပါဘူး “ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

Photo-ရွှေရောင်မေတ္တာဖောင်ဒေးရှင်း


LEAVE A REPLY

Please enter your comment!
Please enter your name here