ရန်ကုန်-မန္တလေးအမြန်လမ်းတွင် အိမ်စီးကား တိုက်လော့ပြုတ်ပြီးလမ်းဘေးရှိ ယူကလစ်ပင်အားဝင်တိုက် ၄ ဦးဒဏ်ရာရ ကားမောင်းသူကိုအမှုဖွင့်ထား

0
120

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၏ သာဂရအမြန်လမ်းမီးသတ်စခန်းအပိုင်တွင် မတ် ၂၄ ရက်နံနက်က အိမ်စီးကားတိုက်လော့ပြုတ်ထွက်၍ လမ်းဘေးရှိယူကစ်ပင်အား ဝင်တိုက်မိခဲ့သည်ဟု အမြန်လမ်းမီးသတ်စခန်းမှ သိရသည်။

ယမန်နေ့နံနက် ၁၁ နာရီခန့်က ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၏ သာဂရအမြန်လမ်းမီးသတ်စခန်းအပိုင် မိုင်တိုင်အမှတ် ၁၆၈/၆ နှင့် ၁၆၈/၇ ကြားတွင် ရန်ကုန်ဘက်မှနေပြည်တော်ဘက်သို့ မောင်းနှင်လာသည့် CLAZ(အဖြူရောင်)အိမ်စီးကားမတော်တဆမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အမျိုးသား ၂ ဦးနှင့်အမျိုးသမီး ၃ ဦးလိုက်ပါလာသည့် အိမ်စီးကားသည် အခင်းဖြစ်နေရာ၌ ရှေ့မှသွားနေသည့်ကားအားကျော်တက်စဥ် ရှေ့ညာဘက်တိုက်လော့ပြုတ်ကာ အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးမြေသားလမ်းရှိ ယူလစ်ပင်အား ဝင်တိုက်မိခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်အား သာဂရအမြန်လမ်းမီးသတ်စခန်းမှတပ်ဖွဲ့ဝင်များ၊သာဂရအမြန်လမ်းရဲစခန်းမှတပ်ဖွဲ့ဝင်များက ကူညီကယ်ဆယ်ရေးလုပ်ငန်းများပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ထို့ပြင် ထိခိုက်ဒဏ်ရာများရရှိခဲ့သည့် အမျိုးသား ၂ ဦးနှင့်အမျိုးသမီး ၂ ဦးတို့အား နေပြည်တော်ကုတင်(၁၀၀၀)သို့ပို့ဆောင်ပေးခဲ့ကြပြီး ကားမောင်းသူအား သာဂရအမြန်လမ်းရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here