အင်းအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီအား မှတ်ပုံတင်ပယ်ဖျက်ကာ နိုင်ငံရေးပါတီအဖြစ်မှ ဖျက်သိမ်းခွင့်ပြု

0
213

ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့အခြေစိုက် နိုင်ငံရေးပါတီတ စ်ခုဖြစ်သည့် “အင်းအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ” အနေဖြင့် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားခြင်းမှ ပယ်ဖျက်ခွင့်ပြုရန် လျှောက်ထားလာသည့်အတွက် ခွင့်ပြုကာ ပါတီအား ဖျက်သိမ်းလိုက်ကြောင်း သိရသည်။

အဆိုပါ နိုင်ငံရေးပါတီ မှတ်ပုံတင်ထားခြင်းမှ ပယ်ဖျက်ကာ ပါတီဖျက်သိမ်းခွင့်အား မတ်လ (၂၁) ရက် ရက်စွဲဖြင့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ထံတင်ပြလျှောက် ထားလာခြင်းဖြစ်သည်။

ယင်းသို့ တင်ပြလျှောက်ထားလာသည့်အတွက် မတ်လ (၂၄) ရက်ကပြုလုပ်သည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေး အမှတ်စဉ်(၂/၂၀၂၃)၏ ဆုံးဖြတ်ချက်အရ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၁၉ (က)နှင့်အညီ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားခြင်းမှ ပယ်ဖျက်၍ ပါတီကို ဖျက်သိမ်းရန် အတည်ပြုခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

အင်းအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီသည် ယခင် နဝတ အစိုးရလက်ထက်က ပြဌာန်းခဲ့သည့် နိုင်ငံရေးပါတီမှတ်ပုံတင်ဥပဒေအရ ၂၀၁၀ ခုနှစ် ဇွန်လ (၁) ရက်တွင်မှတ်ပုံတင်ထားသည့် ပါတီဖြစ်ကြောင်း UEC ၏ ထုတ်ပြန်ချ က်အရ သိရသည်။

ယင်းသို့ မှတ်ပုံတင်ထားရာမှ ပါတီမှတ်ပုံတင်ထားခြင်းအား ပယ်ဖျက်ပေးရန် မတ်လ (၂၁) ရက်တွင် လျှောက် ထားလားည့်အတွက် နိုင်ငံရေးပါတီအဖြစ်မှတ်ပုံတင်ထားခြင်းကို ပယ်ဖျက်ကာ ပါတီအား ဖျက်သိမ်းလိုက်ကြောင်း UEC က ထုတ်ပြန်ထားသည်။

လက်ရှိ အသစ်ပြဌာန်းထားသည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေသစ်အရ ယခင် ၂၀၁၀ ခုနှစ် ပါတီမှတ် ပုံတင်ဥပဒေဖြင့် မှတ်ပုံတင်ထားသည့် နိုင်ငံရေးပါတီများအနေဖြင့် ရက်ပေါင်း(၆၀) အတွင်း မှတ်ပုံတင်ပြန်လည် လျှောက်ထားရမည်ဖြစ်ပြီး မှတ်ပုံတင်မလျှောက်ထားပါက ပါတီအဖြစ်မှ အလိုအလျှောက် ပျက်ပြယ်မည်ဖြစ်သည်။

အင်းမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီသည် ရှမ်းပြည်နယ်တောင်ပိုင်း ၊ ညောင်ရွှေမြို့အခြေစိုက် တိုင်းရင်းသားမျိုးနွယ်စု ပါတီတစ်ခုဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here