ကြူကုတ်(ပန်ဆိုင်း)-ဝမ်တိန်ဂိတ် လူဖြတ်သန်းသွားလာခွင့်သာ ဖွင့်ပေးထားဟုဆို

0
102

ရှမ်းပြည်နယ်မြောက်ပိုင်း၊ တရုတ် – မြန်မာ နယ်စပ်ဂိတ်တစ်ခုဖြစ်သည့် ကြူကုတ်(ပန်ဆိုင်း)-ဝမ်တိန်ဂိတ်ကို လူဖြတ်သန်းသွားလာခွင့်သာ ဖွင့်ပေးထားခြင်းဖြစ်ကြောင်း မူဆယ်ဆန်စပါးကုန်စည်ဒိုင်ဒုဥက္ကဋ္ဌ ဦးမင်းသိမ်းက ပြောသည်။

အဆိုပါဂိတ်ကို မတ်လ ၂၀ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်ပေးခဲ့ပြီး ကုန်တင်ယာဉ်များ ဖြတ်သန်းသွားလာခွင့်မပြုထားကြောင်း သိရသည်။

လက်ရှိတွင် မြန်မာ-တရုတ်နယ်စပ်ဂိတ်အားလုံးနီးပါးကို တရုတ်ဘက်မှ ပြန်လည်ဖွင့်လှစ်ပေးခဲ့သော်လည်း မြန်မာဘက်မှ ဂိတ်အချို့ပိတ်ထားဆဲဖြစ်ကြောင်း သိရသည်။ တရုတ် – မြန်မာ နယ်စပ်၊ကြူကုတ်(ပန်ဆိုင်း)– ဝမ်တိန် နှစ်နိုင်ငံ လူဝင်၊ လူထွက်နှင့် ကုန်သွယ်ဂိတ်ကို ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဇွန်လမှစတင်၍ ကိုဗစ်ကပ်ရောဂါကြောင့် တရုတ်ဘက်မှ ပိတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မူဆယ်(ကျင်စန်းကျော့)ဂိတ်မှ မန်ဝိန်းဂိတ်၊ နန်းတော်ဂိတ်၊ ဆင်ဖြူဂိတ်တို့ကိုလည်း တရုတ်ဘက်မှ ဖွင့်ပေးထားပြီးဖြစ်ကြောင်းသိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here