မြန်မာ၌ မတ်လအတွင်း အင်အားအနည်းငယ်ရှိ ငလျင်လှုပ်သည်မှာ ၅ကြိမ်ရှိပြီ

0
168

ယ​နေ့တွင် ငလျင် ၂ကြိမ်လှုပ်ခဲ့သဖြင့် ငလျင်အတွက် သတိထားစရာ၊ကြိုတင်ပြင်ဆင်စရာတို့ကို လုပ်​ဆောင်ဖို့ခပ်စိပ်စိပ်လှုပ်လာသည့်ငလျင်များကတပ်လှန့်​နေပြီဖြစ်သည်။

မတ် ၂၅ ရက်(ယနေ့) နေ့လည်ပိုင်းကဧရာဝတီတိုင်း၊ကြံခင်းမြို့အားဗဟိုပြု၍ အင်အားအနည်းငယ်ရှိ ငလျင်တစ်ခုနှင့် ည​နေပိုင်းကသပိတ်ကျင်းတွင်တခု လှုပ်ခတ်ခဲ့သည်။

ယနေ့နေ့လည် ၁ နာရီ ၂၁ မိနစ် ၄၉ စက္ကန့်က ကြံခင်းမြို့၏ အနောက် မြောက်ဖက် ၄ မိုင်ခန့်အကွာ မြောက်လတ္တီတွဒ်(၁၈ ဒသမ ၃၇)ဒီဂရီ၊အရှေ့လောင်ဂျီတွဒ်(၉၅ ဒသမ ၁၉)ဒီဂရီ၊အနက်(၅၀) ကီလိုမီတာအားဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး(၄ ဒသမ ၀)အဆင့်ရှိ အင်အားအနည်းငယ်ရှိငလျင်တစ်ခု လှုပ်ခတ်ခဲ့သည်ဟု မိုးဇလကထုတ်ပြန်ခဲ့သည်။

ယနေ့ ည​နေ ၆နာရီ၊ ၃၃မိနစ်၊ ၄၃စက္ကန့် အချိန်တွင် ကန့်ဘလူမြေငလျင်စခန်းမှ အရှေ့တောင်ဘက် (၄၂) မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်း (သပိတ်ကျင်းမြို့၏ အရှေ့-အရှေ့တောင်ဘက် (၅) မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၂၂.၈၅)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၆.၀၅)ဒီဂရီ၊ အနက် (၆)ကီလိုမီတာကို ဗဟိုပြု၍အင်အားရစ်(ခ်)တာ စကေး (၄.၁) အဆင့်ရှိ မြေငလျင်လှုပ်ခဲ့​ကြောင်း မိုးဇလက ထုတ်ပြန်ခဲ့သည်။

မတ်လပထမနှစ်ပတ်အတွင်း မြန်မာနိုင်ငံ၌ ငလျင် ၃ ကြိမ်လှုပ်ပြီးယခု စတ္ထုထပတ်တွင် ၂ကြိမ်​၊ တလအတွင်း ၅ကြိမ်လှုပ်ခြင်းဖြစ်သည်။

ယခုလအတွင်းလှုပ်ခဲ့သည့်ရက်များမှာ

မတ် ၈ ရက်နံနက် ၁၁ နာရီ ၃၈ မိနစ် ၅၈ စက္ကန့်က ဟုမ္မလင်းမြို့အားဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး(၄ ဒသမ ၀)အဆင့်ရှိငလျင်၊

မတ် ၉ ရက်ည ၇ နာရီ ၄၉ မိနစ် ၈ စက္ကန့်ကလည်း မော်လိုက်မြို့အားဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး(၄ ဒသမ ၀)အဆင့်ရှိ ငလျင်၊

မတ် ၁၂ ရက်ည စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့၌ ၆ နာရီ ၁၃ မိနစ် ၄၀ စက္ကန့်ကအင်အားရစ်(ခ်)တာစကေး(၄ ဒသမ ၆)အဆင့်ရှိ အင်အားအနည်းငယ်ရှိ ငလျင်တို့လှုပ်ခတ်ခဲ့​ကြောင်း မိုးဇလကထုတ်ပြန်ထားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here