နျူကလီးယားလက်နက်များ ဘီလာရုစ်နိုင်ငံတွင်းသို့ ရွှေ့ပြောင်းမည်ဟု ပူတင်ဆို

0
181

ယူကရိန်းကို ထောက်ခံသည့် အနောက်နိုင်ငံများကို သတိပေးသည့်အနေဖြင့် မိမိနိုင်ငံမှ နျူကလီးယားလက်နက်အချို့အား ဘီလာရုစ်နိုင်ငံတွင်းသို့ ရွှေ့ပြောင်းရန် စီစဉ်နေကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင်ကပြောသည်။

ယူရေနီယံပါဝင်သော သံချပ်ကာကားဖျက်ဆီးရေးလက်နက်များကို ယူကရိန်းသို့ပေးပို့မည်ဟူသည့် ဗြိတိန်၏ ဆုံးဖြတ်ချက်ကို တုံ့ပြန်သည့် လုပ်ရပ်ဖြစ်ကြောင်း ပူတင်က ရုရှားနိုင်ငံပိုင် ရုပ်မြင်သံကြားတွင် စနေနေ့က ပြောကြားခဲ့ခြင်းဖြစ်သည်။ ဗြိတိန်ကမူ ယင်းသည် ရုရှား၏ မှားယွင်းစွာ စွပ်စွဲမှုဖြစ်ကြောင်း ပြန်လည်ချေပပြောဆိုခဲ့သည်။

သို့ရာတွင် ဘီလာရုစ်တွင် စခန်းချထားသည့် နျူကလီးယားလက်နက်များကို ရုရှားမှထိန်းချုပ်ထားမည်ဖြစ်ပြီး ၎င်းတို့အတွက် သိုလှောင်ရုံများကို ဇူလိုင် ၁ ရက်တွင် ဆောက်လုပ်မည်ဖြစ်ကြောင်း သိရသည်။

ရုရှားသည် နိုင်ငံတကာနျူကလီးယားလက်နက်ဆိုင်ရာစည်းမျဉ်းများကို ချိုးဖောက်မည်မဟုတ်ကြောင်း သူက အခိုင်အမာပြောဆိုခဲ့ပြီး အမေရိကန်သည်လည်း ၎င်း၏နျူကလီးယားလက်နက်များကို NATO မဟာမိတ်များပိုင်နက်တွင် ယခင်ကတည်းကပင် တပ်ဆင်ချထားပြီးဖြစ်ကြောင်းကိုပါ ပူတင်က ဖြည့်စွက်ပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here