ဆယ်စုနှစ်များစွာကြာမြင့်ခဲ့သည့် ထိုင်ဝမ်နှင့်သံတမန်ဆက်ဆံရေးအားရပ်စဲကြောင်း ဟွန်ဒူးရပ်စ်အစိုးရကြေငြာ

0
162

တေဂူချီဂဲလ်ပါ၊မတ် ၂၆

ဟွန်ဒူးရပ်စ်သည် ဗဟိုအမေရိက၌ ခြေကုတ်ယူမှုကို ချဲ့ထွင်ရန်ကြိုးပမ်းနေစဉ် တရုတ်နှင့်ပိုမိုနီးကပ်နိုင်ရန်ရည်ရွယ်ချက်ဖြင့် ဆယ်စုနှစ်ချီကြာမြင့်ခဲ့သည့် ထိုင်ဝမ်နှင့်သံတမန်ဆက်ဆံရေးအား ရပ်စဲလိုက်ပြီဖြစ်ကြောင်း မတ်လ ၂၅ ရက်နေ့ကကြေငြာခဲ့သည်။

ဟွန်ဒူးရပ်စ်အစိုးရအနေဖြင့် တရုတ်တစ်ပြည်တည်းမူဝါဒကိုသာ အသိအမှတ်ပြုလက်ခံကြောင်း ဟွန်ဒူးရပ်စ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ တွစ်တာပို့စ်၌ရေးသားဖော်ပြခဲ့သည်။

ထို့ပြင်၎င်းတို့က “တရုတ်အစိုးရသည် တရုတ် တစ် နိုင်ငံလုံးကိုကိုယ်စားပြုသည့် တစ်ခုတည်းသောတရားဝင်အစိုးရဖြစ်သည်” ဟုဆိုခဲ့ပြီး ထိုင်ဝမ်သည်တရုတ်၏ ခွဲမရသောအစိတ်အပိုင်းနယ်မြေတစ်ခုလည်းဖြစ်သည်ဟုဆိုခဲ့သည်။

ယင်းနောက်ဟွန်ဒူးရပ်စ်အနေဖြင့် ထိုင်ဝမ်နှင့်သံတမန်ဆက်ဆံရေးအားဖျက်သိမ်းကြောင်း ထိုင်ဝမ်အားအကြောင်းကြားခဲ့ပြီး မည်သို့သောဆက်ဆံရေးမျိုးကိုမျှလည်း ယခင်က ကဲ့သို့ ထပ်မံပြုလုပ်တော့မည်မဟုတ်ကြောင်း ဝန်ကြီးဌာနကပြောကြားခဲ့သည်။

ယင်းသို့ကြေငြာလိုက်ပြီးမကြာမီပင် ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးဌာနအတွင်းမှ ဟွန်ဒူးရပ်စ်အလံအား ဖယ်ရှားခဲ့ကြောင်း ရိုက်တာသတင်းဌာန၏မျက်မြင်သက်သေတစ်ဦးကပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် ထိုင်ဝမ်အား၎င်းတို့အပိုင်အဖြစ်အသိအမှတ်ပြုပေးမည့်နိုင်ငံများအား တစ်ခါမှ ဖြည့်ဆီးပေးခြင်းမရှိသေးသည့်ကတိများဖြင့် အလဲအလှယ်လုပ်နေသည့်အတွက် ဟွန်ဒူးရပ်စ်၏ဆုံးဖြတ်ချက်နှင့်ပတ်သက်၍သတိထားရန်လည်း တိုင်ပေရှိအမေရိကန်သံရုံးက စနေနေ့ကသတိပေးခဲ့သည်။

Source : Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here