လက်နက်ထောက်ပံ့မှု ယခုထက် ပိုမို မရရှိပါက ယူကရိန်းအနေဖြင့်တန်ပြန်ထိုးစစ်မဆင်နွှဲနိုင်ဟုဇလန်းစကီးပြော

0
110

ကိဗ်၊မတ် ၂၆

ယူကရိန်းသမ္မတဗလာဒီမာဇလန်းစကီးက ဂျပန်သတင်းစာ တစ် စောင်နှင့်အင်တာဗျူးတစ်ခုတွင် အနောက်မဟာမိတ်များထံမှ လက်နက်ထောက်ပံ့မှုထပ်မံမရရှိပါက ကိဗ်အနေဖြင့် ရုရှားအားတန်ပြန်ထိုးစစ်ဆင်နွှဲမှုမပြုနိုင်ဟုပြောကြားခဲ့သည်။

ယခုလက်ရှိအချိန်၌လည်း နိုင်ငံ၏အရှေ့ဘက်ခြမ်း၌ အခြေနေမကောင်းသဖြင့် ခဲယမ်းများထောက်ပံ့ပေးမှုအား အရှိန်မြှင့်တင်ရန် အမေရိကနှင့်ဥရောပနိုင်ငံများအား မေတ္တာရပ်ခံခဲ့သည်ဟုလည်းသိရသည်။ ယခုပြောကြားမှုသည် ယူကရိန်းအရှေ့ပိုင်းဒေသ၏ အဓိကမြို့ဖြစ်သော ဘက်ဂ်မက်ထ်အပါအဝင် ကျန်နေရာများ၌တိုက်ပွဲများပြင်းထန်နေခြင်းကြောင့်ဖြစ်သည်။

သို့သော် ယူကရိန်းတပ်၏ ဒုတိယဗိုလ်ချုပ်ကြီးက အရှေ့ပိုင်းမြို့တော်၏အခြေအနေမှာ တည်ငြိမ်လျက်ရှိသည်ဟု ၎င်း၏ဖေ့စ်ဘွတ်စာမျက်နှာ၌ပြောကြားခဲ့ကာ မြေပြင်အခြေအနေနှင့်ပတ်သက်၍ ယူကရိန်းတပ်ဖွဲ့ဝင်များအနေဖြင့် ဘက်ဂ်မက်ထ်၌ အပြင်းထန်ဆုံးဖြစ်နေပြီး ယူကရိန်းတပ်ဖွဲ့ဝင်များ၏ ပြင်းပြင်းထန်ထန်ကြိုးပမ်းအားထုတ်မှုဖြင့် အခြေနေတည်ငြိမ်အောင်ကြိုးစားနေသည်ဟုလည်းပြောကြားခဲ့သည်။

ယူကရိန်းသည် ဒေသတွင်း၌ အသေအပျောက်များတိုးမြင့်လာသည်ကိုလည်း တွေ့မြင်နေရသည်ဟုလည်းဖော်ပြထားသည်။သမ္မတဇလန်းစကီးက မဟာမိတ်များထံမှ ခဲယမ်းများရရှိရန်လည်းစောင့်ဆိုင်းနေကြောင်း အင်တာဗျူးတွင်ပြောကြားခဲ့သည်။

ယင်းနောက်၎င်းက ဂျာမဏီမှထောက်ပံ့ပေးမည့် တင့်ကားများအား မည်မျှလိုအပ်နေကြောင်းလည်းပြောကြားခဲ့သည်။ ယူကရိန်းအတွက်တင့်ကားရမှသာ တပ်ဖွဲ့ဝင်များအားတပ်ဖြန့်ကာ ရှေ့တန်းပို့နိုင်မည်ဟုလည်းဆိုခဲ့သည်။

Source : WION


LEAVE A REPLY

Please enter your comment!
Please enter your name here