သင်္ကြန်ကာလအတွင်း ကုန်သွယ်‌​ရေးဇုန်မပိတ်သော်လည်း ကုန်သွယ်မှုနည်းမည်

0
90

မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေးဂိတ်ဖြစ်သည့် မူဆယ်နယ်စပ်ဂိတ်သည် သင်္ကြန်ကာလအတွင်း ကုန်သွယ်‌​ရေးဇုန်မပိတ်သော်လည်း ပုံမှန်၏ ၁၀ ရာခိုင်နှုန်းခန့်သာကုန်သွယ်မှုပြုလုပ်နိုင်ကြောင်း မူဆယ်ဆန်စပါးကုန်စည်ဒိုင်ဒုဥက္ကဋ္ဌ ဦးမင်းသိမ်းက ပြောသည်။

“အကောက်ခွန်စစ်ဆေးတဲ့ဂိတ်တွေ၊ ကားစစ်ဆေးတဲ့ဂိတ်တွေ၊ ကုန်စည်စစ်တဲ့ဂိတ်တွေ အစရှိတဲ့ဂိတ်တွေကတော့ဖွင့်ပါတယ်။ မပိတ်ဘူး။ ဒါပေမယ့် ကုန်သည်တွေကသိပ်မလုပ်ကြတော့ဘူး။ အဲဒီကာလမှာနားကြတာများတယ်။ မြန်မာဘက်ကရော တရုတ်ဘက်ကရော ကားတွေအဝင်/အထွက်တော့ရှိပါတယ်။ နည်းတာပေါ့”ဟု ၎င်းက ဆိုသည်။

လက်ရှိတွင် မြန်မာ-တရုတ်နယ်စပ်ဂိတ်သည် ပုံမှန်အတိုင်းကုန်သွယ်မှုပြုလုပ်နေပြီး နေ့စဉ် အစီးရေ ၁၀၀ ကျော်ပုံမှန်ဝင်/ထွက်သွားလာနေကြောင်း သိရသည်။

မြန်မာနိုင်ငံမှ ဆန်၊ ဆန်ကွဲ၊ ပဲ၊ ပြောင်း၊ နှမ်း၊ ဖရဲ၊ သခွား စသည့် လယ်ယာထွက်ကုန်ပစ္စည်းအပါအဝင် ရော်ဘာ၊ ကြက်သွန်၊ ရေထွက်ပစ္စည်း၊ ငရုတ်သီး အစရှိသည့် ကုန်ပစ္စည်းများအား တရုတ်ပြည်သို့တင်ပို့နေပြီး တရုတ်နိုင်ငံဖက်မှ ဆောက်လုပ်ရေးပစ္စည်း၊ လျှပ်စစ်ပစ္စည်း၊ စက်ပစ္စည်း၊ စားကုန်သောက်ကုန်နှင့် ဆေးဝါးများ ပြန်လည်တင်သွင်းခြင်းဖြစ်ကြောင်းသိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here