ဗန်းမော်ဆရာတော်ဘုရားကြီး ဒေါက်တာဘဒ္တန္တ ကုမာရာဘိဝံသသ ဘန်ကောက်တွင် ဆေးဝါးကုသမှု ခံယူနေရ

0
228

နိုင်ငံတော် သံဃာ့မဟာနာယကအဖွဲ့ ဥက္ကဋ္ဌ ဗန်းမော်ဆရာတော်ဘုရာကြီး ဒေါက်တာဘဒ္တန္တ ကုမာရာဘိဝံသသည် ဆေးဝါးကုသမှု ခံယူရန်အတွက် ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ ရောက်ရှိနေကြောင်း ဆရာတော်ဘုရားကြီး၏ တပည့်သာဝက များထံမှ သိရသည်။

ဆရာတော်ဘုရားကြီးသည် ဆေးပညာအရ “Acidosis condition” ဟု အမည်ရှိသည့် ဇီဝကမ္မ ဖြစ်စဉ်တစ်ခုကို ခံစားနေရကြောင်းဆရာတော်ဘုရားကြီး၏ တပည့်သာဝကအချို့၏ မျှဝေမှုဖြင့် သိရသော်လည်း ဆရာတော်ဘုရာကြီးထံတွင် မည်သည့် ရောဂါဝေဒနာမျိုး ခံစားနေရသည်ကို ပေါ်ပြူလာနယူး(စ်) အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိခဲ့ပေ။

ဗန်းမော်ဆရာတော် ဘုရားကြီးသည် ထိုင်းနိုင်ငံသို့‌သွားရောက်ခါ ဆေးဝါးကုသမှုခံယူရန်အတွက် မန္တလေးမြို့မှတဆင့် ရန်ကုန်မြို့သို့လည်းကောင်း ၊ ရန်ကုန်မြို့မှတဆင့် ဘန်ကောက်မြို့သို့ လည်းကောင်း သွားရောက်ခဲ့ရသည်။

ဆရာတော်ကြီးသည် ဘန်ကောက်မြို့သို့ မတ်လ (၂၅) ရက်တွင် ရောက်ရှိခဲ့ပြီး ယနေ့ မတ်လ (၂၆) ရက်တွင် ဆေးဝါးကုသမှု ခံယူနေသည့် ဆရာတော်ကြီး၏ ဓာတ်ပုံအချို့ကို ဆရာတော် အရှင်ရဿဖလ က လူမှုကွန်ရက်တွင် ဖြန့်ဝေထားသည်ကို တွေ့ရသည်။

ဆရာတော်ကြီးသည် ဆေးကုသနေစဉ် နွန်းထပူရီမြို့နယ်၊ ပန်ပိုးထောင်းရပ်ကွက်ရှိ Royal temple တွင် သီတင်းသုံး နေထိုင်မည်ဖြစ်‌ကြောင်း သိရသည်။

ဓာတ်ပုံ – Ashin Ratthapala


LEAVE A REPLY

Please enter your comment!
Please enter your name here