မြိတ်မြို့နယ်တွင် ယနေ့နံနက်အစောပိုင်းက ၄၅ မိနစ်ခန့်ကြာ မီးလောင်မှုဖြစ်ပွားခဲ့

0
135

တနင်္သာရီတိုင်း၊မြိတ်မြို့နယ်၊ကလွင်ကျေးရွာ အုပ်စုတွင် မတ် ၂၇ ရက်(ယနေ့)နံနက်အစောပိုင်းက ၄၅ မိနစ်ခန့်ကြာ မီးလောင်မှုဖြစ်ပွားခဲ့သည်ဟု မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ သိရသည်။

ယနေ့နံနက်အစောပိုင်း ၃ နာရီ ၃၄ မိနစ်ခန့်က မြိတ်မြို့နယ်၊ကလွင်ကျေးရွာအုပ်စု၊တောရကျောင်းရပ်၊ဦးနီတိုးဈေးလမ်းတွင် မီးလောင်မှုဖြစ်ပွား၍ မြိတ်ခရိုင်၊မြို့နယ်မီးသတ်စခန်းများ၊မြို့နယ်အရန်မီးသတ်စခန်းတို့မှ မီးသတ်တပ်ဖွဲ့ဝင်များနှင့်လူမှုကူညီရေးအသင်းဝင်များက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသည်။

ထို့ကြောင့် နံနက် ၄ နာရီ ၁၅ မိနစ်၌ မီးငြိမ်းသွားခဲ့ပြီး မီးစတင်လောင်ကျွမ်းရသည့်အကြောင်းရင်းနှင့်ပျက်စီးဆုံးရှုံးမှုတန်ဖိုးအား မီးသတ်တပ်ဖွဲ့တာဝန်ရှိသူများက စစ်ဆေးလျက်ရှိကြောင်း သိရသည်။

ထို့ပြင် မတ် ၂၆ ရက်ညနေ ၅ နာရီ ၁၅ မိနစ်ခန့်ကလည်း ကချင်ပြည်နယ်၊မြစ်ကြီးနားမြို့၊တပ်ကုန်းရပ်ကွက်တွင် မီးလောင်မှုဖြစ်ပွား၍ မြစ်ကြီးနားမြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များ၊အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့်လူမှုကူညီရေးအသင်းဝင်များက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် ညနေ ၅ နာရီ ၃၅ မိနစ်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here