ကော့သောင်းတွင် နေအိမ်ထဲမှ ငွေကျပ်သိန်း ၁၇၀၀ တန်ဖိုးရှိ စိတ်ကြွဆေးပြားနှင့်ဘိန်းဖြူများဖမ်းမိ

0
154

တနင်္သာရီတိုင်း၊ကော့သောင်းမြို့၊ပိတောက်ရွှေဝါရပ်ကွက်တွင် မတ် ၂၃ ရက်နေ့လည်ပိုင်းက ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့မှသိရသည်။

ယင်းနေ့နေ့လည် ၃ နာရီခန့်က မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ကော့သောင်းမြို့၊ပိတောက်ရွှေဝါရပ်ကွက်၊ဗိုလ်ချုပ်လမ်းရှိ လွင်ကိုကို(ခ) ကိုကို(၄၀)နှစ်၏ နေအိမ်အားစစ်ဆေးခဲ့ကြသည်။

နေအိမ်အတွင်း၌ ၎င်းနှင့်အတူ စိုးပြည့်လှိုင်(ခ) မျောက်(၂၇)နှစ်တို့အား ငွေကျပ်သိန်း ၁၇၀၀ တန်ဖိုးရှိ စိတ်ကြွဆေးပြား ၅၆၀၀၀ ပြား၊ဘိန်းဖြူ(အလေးချိန် ၂၀ ဂရမ်)တို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်ဟု ရဲတပ်ဖွဲ့မှသိရသည်။

ထို့ကြောင့် ဖမ်းဆီးရမိသူ ၂ ဦးအား ကော့သောင်းမြို့မရဲစခန်းက မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်ကာ စစ်ဆေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here