သူရဲကောင်းမှတ်တမ်းဝင်တံဆိပ်နှင့်ရဲဗလတံဆိပ်များ ချီးမြှင့်အပ်နှင်း

0
456

တပ်မတော်ဆိုင်ရာ စွမ်းရည်သတ္တိဂုဏ်ထူးဆောင်တံဆိပ်ဖြစ်သည့် သူရဲကောင်းမှတ်တမ်းဝင်တံဆိပ်နှင့်မြန်မာနိုင်ငံရဲတပ်ဖွဲ့ဆိုင်ရာ စွမ်းရည်သတ္တိဂုဏ်ထူးဆောင်တံဆိပ်ဖြစ်သည့် ရဲဗလတံဆိပ်တို့အား မတ် ၂၇ ရက်တွင် (ယနေ့-တပ်မတော်နေ့) ချီးမြှင့်အပ်နှင်းလိုက်သည်။

နစက ဥက္ကဋ္ဌမှ နိုင်ငံ့တာဝန်များအား စွမ်းစွမ်းတမံဆောင်ရွက်ခဲ့ကြသူများအား သူရဲကောင်းမှတ်တမ်းဝင်တံဆိပ်နှင့်ရဲဗလတံဆိပ်များ ချီးမြှင့်အပ်နှင်းခြင်းအား အမိန့်ကြော်ငြာစာအမှတ်(၈၄/ ၂၀၂၃)ဖြင့် ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။

တပ်မတော်ဆိုင်ရာ စွမ်းရည်သတ္တိဂုဏ်ထူးဆောင်တံဆိပ်ဖြစ်သည့် သူရဲကောင်းမှတ်တမ်းဝင်တံဆိပ်အား ကာကွယ်ရေးဝန်ကြီးဌာနမှ ဗိုလ်ကြီးသန်းထွန်းအောင်အား ချီးမြှင့်အပ်နှင်းခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့ဆိုင်ရာ စွမ်းရည်သတ္တိဂုဏ်ထူးဆောင်တံဆိပ်ဖြစ်သည့် ရဲဗလတံဆိပ်များအား မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ၃ ဦး၊ မီးသတ်ဦးစီးဌာ နမှ ၁ ဦး၊ ကာကွယ်ရေးဝန်ကြီးဌာနမှ ၁၀ ဦး၊ စစ်ကိုင်းတိုင်းမှ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ၁ ဦးအပါအဝင် ၂၁ ဦးနှင့်ပဲခူးတိုင်းမှ ၁ ဦးတို့အား ချီးမြှင့်အပ်နှင်းခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here