အောင်မြေသာစံမြို့နယ်တွင် လူနေအိမ်များမီးလောင်

0
70

မန္တလေးတိုင်း၊အောင်မြေသာစံမြို့နယ်၊ ၇၆ လမ်း ၈ လမ်းတွင် မတ် ၂၇ ရက်(ယနေ့)မွန်းတည့်၁၂ နာရီ ၆ မိနစ်ခန့်က လူနေအိမ်များမီးလောင်မှုဖြစ်ပွားခဲ့၍ မီးသတ်တပ်ဖွဲ့ဝင်များနှင့်လူမှုကူညီရေးအသင်းဝင်များက Level 1 အဆင့်ဖြင့်ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသည်။

မွန်းတည့် ၁၂ နာရီ ၁၃ မိနစ်တွင် မီးထိန်းနိုင်ခဲ့ပြီး မွန်းတည့် ၁၂ နာရီ ၂၂ မိနစ်၌ မီးငြိမ်းသွားခဲ့သည်ဟု မြန်မာ နိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ သိရသည်။

“လူနေအိမ်တွေလောင်တာပါ။ Level 1 အဆင့်နဲ့ဝိုင်းငြှိမ်းပေးခဲ့ရတယ်။ လက်ရှိ ကျွန်တော်တို့က မီးငြိမ်းသွားပြီ။ စိတ်ချရတဲ့အနေအထားရောက်သွားပြီဆိုတော့ အသင်းရုံးကိုပြန်ရောက်နေပါပြီ။ မီးလောင်ဆုံးရှုံးသွားတဲ့အိမ်အရေအတွက်ကို မီးသတ်ကစစ်ဆေးနေတုန်းပဲ”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

မီးလောင်မှုစတင်ဖြစ်ပွားရသည့်အကြောင်းရင်းနှင့်ပျက်စီးဆုံးရှုံးမှုတန်ဖိုးအား မီးသတ်တပ်ဖွဲ့တာ ဝန်ရှိသူများက စစ်ဆေးလျက်ရှိကြောင်း သိရသည်။

Photo-Ko Than Htay


LEAVE A REPLY

Please enter your comment!
Please enter your name here