ဖောင်းကြွနံပါတ်ပြားအသစ်ပြောင်းလဲသည့် YBS ယာဉ်အစီးရေ ၄၆၀၀ ကျော်ရှိပြီဖြစ်

0
251

ရန်ကုန်မြိုတွင်းပြေးဆွဲနေသည့် YBS ယာဉ်တွေ အနေဖြင့် သတ်မှတ်ကာလအတွင်း ဖောင်းကြွနံပါတ်ပြားအသစ်များကို ပြောင်းလဲတပ်ဆင်ရာတွင် ယာဉ်အစီးရေ ၄၆၀၀ ကျော်ရှိပြီဖြစ်ကာ ၈၃ ရာခိုင်နှုန်းပြီးစီးပြီဖြစ်ကြောင်း YRTC မှသိရသည်။

YBS ယာဉ်အစီးရေ ၅၆၈၁ စီးတွင် အစီးရေ ၄၆၉၆ စီးတပ်ဆင်ပြီးဖြစ်ကာ ၉၈၅ စီးကျန်ရှိနေသေးကြောင်း သိရသည်။ YBS ယာဉ်အားလုံး ယခင် နံပါတ်ပြားတွေအစား ဖောင်းကြွ နံပါတ်ပြားအသစ်ကို မတ်လ ၃၁ ရက်နေ့ နောက်ဆုံးထားလဲလှယ်ရန် ညွှန်ကြားထားပြီးနံပါတ်ပြားလဲလှယ်မှုမရှိသည့် YBS ယာဉ်များကို ပြေးဆွဲခွင့်ပိတ်ပင်သွားမည်ဖြစ်ကြောင်း သိရသည်။

ဖောင်းကြွနံပါတ်ပြားပြောင်းလဲတပ်ဆင်ရန် ရန်ကုန်တွင် YBSခရီးသည်တင်ယာဉ်များသာမက အဝေးပြေးခရီးသည်တင်ယာဉ်များ ၊ကုန်တင်ကားများ၊ တက္ကစီများ၊ မော်တော် ယာဉ်များအားလုံး ယခုလကုန်မတ်လ ၃၁ရက်နေ့အပြီးပြောင်းလဲတပ်ဆင်ရန်ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနက အသိပေးချက်ထုတ်ပြန်ထားသည်။

အဆိုပါ ဖောင်းကြွနံပါတ်ပြားကို ပွဲစားတွေဖြင့်မလုပ်ဘဲ ဖောင်းကြွနံပါတ်ပြား အသစ်လဲလှယ်လိုသူတွေအနေဖြင့် ကိုယ်တိုင်ဖြစ်စေ၊ စိတ်ချယုံကြည်ရသူတစ်ဦးဦးကိုဖြစ်စေ ယာဉ်မှတ်ပုံတင် စာအုပ် သက်သေခံ လက်မှတ်တို့နှင့်တကွ စေလွှတ်ဆောင်ရွက်မည်ဆိုပါကဖောင်းကြွနံပါတ်ပြားဖိုး ကျပ် ၉၀၀၀ သာ ကျသင့်မည်ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here