ရုရှားနျူအား ဘီလာရုဇ်၌တပ်ဖြန့်ပါက ပိတ်ဆို့မှုများပိုလုပ်မည်ဟု EU ​ပြော

0
82

ရုရှားက ဘီလာရုဇ်၌ နျူတပ်ဖြန့်ထားမည့်ကိစ္စနှင့်ပတ်သက်၍ ဘီလာရုဇ်ဘက်ကလက်ခံပါက ပိတ်ဆို့အရေးယူမှုခံရမည်ဟု ဥရောပသမဂ္ဂကပြောကြားခဲ့သည်။ထို့အတူ လူသီးယားကလည်း အဆိုပါကိစ္စအတွက် ဘီလာရုဇ်အားပိတ်ဆို့အရေးယူပေးရန်တောင်းဆိုထားသည်။

ဥရောပသမဂ္ဂ၏ နိုင်ငံခြားရေးမူဝါဒအကြီးအကဲ မစ္စတာဂျိုးဇက်ဘိုဝဲလ်ကမူ ဘီလာရုဇ်၏ယခုလုပ်ရပ်သည် အီးယူလုံခြုံရေးအတွက် ခြိမ်းခြောက်မှုတစ်ရပ်ဖြစ်သကဲ့သို့ ဘီလာရုဇ်အနေဖြင့် ၎င်း၏ဆုံးဖြတ်ချက်အား ယခုအချိန်၌ပြင်ဆင်နိုင်ရန်အချိန်မှီသေးကြောင်းပြောကြားခဲ့ပြီး ယင်းသို့မဟုတ်ပါက ပိတ်ဆို့ဒဏ်ခတ်မှုများ ဆက်လက်ပြုလုပ်သွားမည်ဟုပြောကြားခဲ့သည်။

နည်းဗျူဟာမြောက်နျူလက်နက်များဆိုသည်မှာ တိုက်ပွဲအတွင်း မိမိဘက်မှ အသာစီးရစေရန်ရည်ရွယ်ခြင်းဖြစ်ပြီး တစ်ချက်ပစ်ရုံနှင့်တစ်မြို့လုံးပြာကျနိုင်သည်အထိပြင်းထန်သောလက်နက်များဖြစ်သည်။

ရုရှားသမ္မတကမူ ၎င်း၏နျူတပ်ဖြန့်ရန်ဆုံးဖြတ်ချက်သည် ဘယ်လ်ဂျီယံ၊ဂျာမဏီ၊အီတလီ၊နယ်သာလန်နှင့် တုကီယေးတို့၌ ၎င်း၏လက်နက်များကိုတပ်ဖြန့်ထားသည့် အမေရိကန်၏အစီအစဉ်နှင့်အတူတူပင်ဖြစ်သည်ဟုဆိုခဲ့သည်။

ယခုကိစ္စနှင့်ပတ်သက်၍ ပိတ်ဆို့အရေးယူမှုအသစ်များ ထပ်မံပြုလုပ်ရန်ကိုလည်း လူသီးယားနိုင်ငံကလည်းတောင်းဆိုခဲ့သည်။

၎င်း၏ယူရို – အတ္တလန္တိတ်မိတ်ဖက်များနှင့်အတူ ရုရှားနှင့်ဘီလာရုဇ်တို့၏ စစ်ရေးအစီအစဉ်များအား တုန့်ပြန်ဖို့ကိုလည်း​ဆွေး​နွေးသွားမည်ဟုလည်းလူသီးယားဝန်ကြီးဌာန၏ထုတ်ပြန်ချက်တွင်ပါရှိသည်။

Ref 1 : ဝိုင်ယို
Ref 2 : ရိုက်တာ/အီးစီ


LEAVE A REPLY

Please enter your comment!
Please enter your name here